ဆီးချို သွေးချိုအတွက်ဗေဒါအစွမ်း

   ဗေဒါပင်တို့သည် သတ္တုဓာတ် ဆားများပါဝင်မှုအနေဖြင့် ကယ်လ်ဆီယမ်ဓာတ် ၊မီးစုန်းဓာတ် ၊ ပိုတက်ဆီယမ်ဓာတ်၊ မဂ္ဂနီးစ်ဓာတ်၊ ဆိုဒီယမ်ဓာတ်၊ သံဓာတ်၊ ကြေးနီဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်၊ သွပ်ဓာတ်နှင့်ခရိုမီယမ်ဓာတ် စုစုပေါင်း(၁၀)မျိုးပါဝင်သည်။ ဗေဒါပင်၏ဆီးချို ၊သွေးချိုအပေါ် အာနိသင်သက်ရောက်မှုရှိကြောင်းသိရသည်။  ဗေဒါပင်ကို ဟင်းအဖြစ်စားသုံးရုံသာမက  ဆီးချို သွေးချို ရောဂါများတွင်လည်း အသုံးပြုကြသည်။ ဗေဒါပွင့်ကို ပြုတ်၍လည်းကောင်း ၊အခြောက်ခံ ပြီးလက်ဖက်ခြောက်ကဲ့သို့ ရေနွေးခတ်၍လည်းကောင်း၊ အပွင့်ကို ပြုတ်သုပ်စားခြင်းဖြင့် ဆီးချို၊သွေးချိုကို ထိန်းချုပ်နိုင်ပါသည်။ ဆီးကျောက်အတွက် ဗေဒါပင် နုနုကို နုတ်ယူသန့်စင်ပြီး အဆီမပါသော အဆီနည်းသောဝက်သားနှင့် ချက်စားပါက ဆီးကျောက်တည်ရောဂါကို ပျောက်ကင်း စေနိုင်ခြင်း၊ အစာအိမ်အတွက် ဗေဒါပင် အပွင့်နှင့်ပင်စည်အမြစ်များကို ရေသန့်စင်အောင်ဆေးကြော ပြီး ကြော်စားပေးပါက အစာအိမ်ရောဂါကိုပျောက်ကင်းသက်သာစေခြင်း၊ ဆီးချို၊သွေးချိုအတွက် ဗေဒါအရွက်နုပင်စည်နှင့် အမြစ်များကို ရေသန့်စင်အောင်ဆေးကြောပြီး  သုပ်စားခြင်း၊ ကြော်စား ခြင်း  ၊ ချက်စားပါက ဆီးချို၊သွေးချိုကျဆင်းစေနိုင်ခြင်းတို့ဖြစ်သည်။ ဆီကျောက်တည်သူများဆီးစပ် ကိုက်၍ ဆီးအောင့်သူများ ဗေဒါပွင့်အား ဝက်သားနှင့်သုပ်စားပါက ပျောက်ကင်းစေခြင်း၊ ၎င်းဗေဒါပင်အနု သုံးလက်မခန့် ကိုအနေတော် ဖြတ်တောက်ပြီး ဝက်သား(၂၅)ကျပ်သား ဖြင့်စား ကောင်းအောင် ဟင်းခတ်အမွှေးအကြိုင်အကုန်ထည့်၍ ဝက်သားနူးနပ်သည်အထိ ချက်ပြီးစားသုံး ပေးပါက ကျောက်များကြေကျကြောင်း သိရှိရသည်။

DOCA(မန္တလေး)