တောဇီးဖြူပင် ဆေးဖက်ဝင်

   တောဇီးဖြူပင်သည် ရှေးယခင်ကတည်းက အသုံးပြုကြသည့် ရိုးရာဆေးဖက်ဝင်အပင် တစ်မျိုးဖြစ်သည်။ ခါးသက်သည့်အရသာရှိပေမဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရှိပါ သည်။ အထူးသဖြင့် အသည်းကိုအားဖြည့်ပေးခြင်း၊သည်း၏တန်ဖိုးကိုပိုကောင်းအောင်  လုပ်ဆောင် ပေးခြင်း၊ အသည်းရောင်ရမ်းမှုကိုလျှော့ချပေးတာကြောင့် အသည်းကိုပြန်လည် ကောင်းမွန်လာ အောင်  လုပ်ဆောင်ပေးခြင်းဖြစ်သည်။ တောဇီးဖြူပင်၏အကျိုးကျေးဇူးများမှာ အဖျားကိုလျှော့ချ ပေးခြင်း၊ ဆီးရွှင်စေပြီး ဖောရောင်တာကိုလျှော့ချပေးသောကြောင့် ဆီးချုပ်သက်သာစေခြင်း၊ သေးငယ်သည့် ကျောက်ကပ်ကျောက်တည်တာတွေကိုလည်း ချေဖျက်ပေးနိုင်ပြီး သွေးထဲကသကြား ဓာတ်၊အဆီဓာတ်လျှော့ချပေးသောကြောင့်  သွေးပေါင်ချိန်မှန်စေခြင်း၊ အပူကြီးတာနှင့် ခံတွင်းအနာ တွေကိုသက်သာစေနိုင်ကြောင်း သိရှိရသည်။ တောဇီးဖြူပင်တစ်ပင်လုံးကို လက်တစ်ဆုပ်စာခန့် သေချာဆေးကြောပြီး ရေ၁-၁.၅လီတာထည့်၍ မိနစ်၂၀ခန့်ဆူအောင်တည်ပြီး ရေကိုစစ်ကာ နွေး သည့် အချိန်သောက်သုံးနိုင်ပါသည်။ လေဝင်လေထွက်ကောင်းသည့် နေရာမှာသေချာ ခြောက်သွေ့ အောင်နေလှန်းပြီးနောက် လေလုံတဲ့ဘူးထဲမှာ ထည့်သိမ်းထားခြင်းဖြင့် အရည်အသွေးမကျဘဲ ကြာရှည်စွာ အသုံးပြုနိုင်ကြောင်းသိရှိရသည်။

DOCA(မန္တလေး)