ဆေးစွမ်းထက်သည့်ကရမက်
ကရမက်ပင်သည် အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် အဓိကပေါက်ရောက်သော ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သည်။ ကရမက်၏ အမြစ်နှင့်ပင်စည်ကို ဆေးအဖြစ်အသုံးပြုနိုင်သည်။ ကရမက်၏မွှေးပျံ့သောရနံ့ကြောင့် အချို့အလှပြင်ပစ္စည်းများတွင် ထည့်သွင်းအသုံးပြုကြသည်။ ကရမက်ကို အမှုန့်ပြုလုပ်၍သော်လည်းကောင်း၊ အနှစ်ကိုကြိတ်၍သော်လည်းကောင်း၊ သွေး၍သော် လည်းကောင်း အမျိုးမျိုးအသုံးပြုကြသည်။ ကရမက်ကိုသွေး၍လိမ်းပေးခြင်းဖြင့် ပွေး၊ ညှင်း၊ ဝဲ တို့ကိုပျောက်ကင်းစေခြင်း၊ ခေါင်းမူးခေါင်းကိုက်သက်သာစေခြင်း၊ ကိုယ်ပူကျစေခြင်း၊ ခန္ဓာကိုယ် ဖောရောင်ခြင်းများကိုသက်သာစေခြင်း၊ အဆစ်ရောင်ခြင်းများကိုသက်သာစေခြင်းနှင့် လည်ချောင်း နာခြင်းများကိုသက်သာစေနိုင်ပါသည်။ ကရမက်ကိုအမှုန့်ပြုလုပ်ပြီး ရေနွေးဖြင့်သောက်ပေးပါက ပိုးသေစေခြင်း၊ ချောင်းဆိုးပျောက်ကင်းစေခြင်း၊ စိတ်ငြိမ်စေခြင်း၊ နှလုံးအားကောင်းစေခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းကိုသက်သာစေခြင်း၊ ပျို့အန်ခြင်းကိုသက်သာစေခြင်းနှင့် ခေါင်းချွေးပြန်ခြင်း နှင့် ညဘက်တွင်ချွေးထွက်များခြင်းတို့ကို သက်သာစေနိုင်ပါသည်။
DOCA(မန္တလေး)
- Log in to post comments

















