သရဖီပင်

    သရဖီပင်သည် ပူအိုက်သောရာသီဉတုရှိသည့် ဒေသများတွင်အများဆုံးပေါက်ရောက်ပြီး မြန်မာနိုင်ငံတွင် တနသင်္သာရီတိုင်း အမြဲစိမ်းတောများတွင် အများအပြားပေါက်ရောက်သည်။ သရဖီပင်သည် ပုန်းညက်ပင်နှင့်ဆင်တူပြီး ပင်စည်သည်ဖြောင့်မတ်၍ အမြင့်ပေ ၇၀မှ၈၀အထိရှိပြီး လုံးပတ်(၇)ပေခန့်ရှိသည်။ အရွက်များသည် ချောမွတ်ပြောင်လတ်ပြီးအလျား(၄)လက်မမှ(၆) လက်မ အထိရှိပြီး ရှည်ရှည်ဝိုင်းဝိုင်းပုံသဏာန်ရှိသည်။ ပုန်းညက်ရွက်နည်းတူ အလယ်ကြောမမှ အကြော ငယ်များထင်ရှားစွာယှဉ်ပြိုင်ထွက်ပေါ်နေသည်။ သရဖီပွင့်ကလေးများသည် ကံ့ကော်ပွင့်အသေးစား လေးများနှင့်ဆင်တူ၍ ဝတ်ဆံအဝါရောင်ရှိသော အဖြူပွင့်ကလေးများဖြစ်သည်။ သင်းပျံ့သောရနံ့ရှိ သောကြောင့် အမျိုးသမီးများကပန်ဆင်ရန် နှစ်သက်ကြသည်။ သရဖီပင်၏အသားသည်ညိုပြီး အတော်အသင့်မာသည်။ အကြောအမျှင်များသည် သိပ်သည်းပြီး ပြုပြင်ရလွယ်သော သစ်ပင်မျိုးဖြစ် သည်။ သရဖီသားကို သာမန်နည်းအားဖြင့် အခြောက်ခံ၍ အသားသေအောင်ပြုလျှင် ကောက်ကွေး တတ်သောကြောင့် ပေါင်းဖိုတွင်အခြောက်ခံမှသာလျှင် သစ်ကောင်းရနိုင်သည်။ သရဖီသားကို လှေစပ်ခြင်း၊ အိမ်ဆောက်ခြင်း၊ လှေရွက်တိုင်၊ လှည်းထမ်းပိုး စသည်တို့ပြုလုပ်ရန်အသုံးပြုကြသည်။

DOCA(မန္တလေး)