ရေ၏ ကျန်းမာရေးအကျိုး

ရေသည် ရိုးရိုးရေအေး (သို့မဟုတ်) ရေနွေးကို သောက်သုံးပေးပါက ရေရှည်မှာ အစာအိမ်နှင့် အူလမ်းကြောင်း ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေပါသည်။ အူလှုပ်ရှားမှုကို လှုံဆော်ပေးခြင်း၊ မနက်အိပ်ရာထပြီး ရေအေးသောက်ခြင်းက အူမကြီးရဲ့ လှုပ်ရှားမှုကို လှုံဆော်ပေး ပါသည်။ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး ဝမ်းမှန်မှန်သွားနိုင်ရန်အတွက် ကူညီပေးပါသည်။ အူလမ်းကြောင်းကောင်းစွာ လှုပ်ရှားခြင်းသည် အစာချေစနစ်တစ်ခုလုံး ကျန်းမာရေးအတွက် အရေး ကြီးပါသည်။ ခန္ဓာကိုယ်ရေဓာတ်ပြည့်ဝစေခြင်း၊ အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း ၊ ရေအေး သောက်ခြင်းက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေနဲ့ စွန့်ပစ်ပစ္စည်းတွေကို ဆီးနှင့်အတူ စွန့် ထုတ်ရန် ကူညီပေးသည်။ ဇီဝဖြစ်စဉ်ကို မြင့်တင်ပေးခြင်း၊ ခန္ဓာကိုယ်က ရေကို ခန္ဓာကိုယ်အပူချိန်နှင့် ညီမျှအောင် ပြင်ဆင်ပေးရန်အတွက် စွမ်းအင်အနည်းငယ် ပို၍ သုံးစွဲရပါသည်။ အစာချေစနစ်ကို အသင့််ပြင်ဆင်ပေးခြင်း၊ အစာမစားခင် ရေအေးသောက်ခြင်းက အစာချေစနစ်ကို နိုးထလာ စေပြီး နောက်ပိုင်း စားသုံးတဲ့အစားအစာတွေကို ကောင်းမွန်စွာ ချေဖျတ်ပေးရန်အတွက် အသင့်ပြင်ဆင်ပေး ပါသည်။ ရေအတွက် တစ်မနက်ဆိုသည့်အတိုင်း အလေ့အကျင့်လေးတစ်ခုကနေ ကျွန်မတို့ရဲ့ အစာ အိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေးကို သိသိသာသာအထောက်အကူဖြစ်စေနိုင်ကြောင်း သိရှိရ သည်။

DOCA(မန္တလေး)