ဆေးစွမ်းထက်သော မြင်းခွာရွက်
မြင်းခွာပင်သည် မြေကြီးပေါ်တွင် တွားသွားသောပင်စည်ပျော့မျိုးဖြစ်သည်။ မြင်းခွာပင်သည် အခြားအပင်များကဲ့သို့ အထက်သို့ တည့်တည့်မတ်မတ် မပေါက်နိုင်ဘဲ မြေကြီးတစ်လျှောက်သာ လျှောက်ပေါက်တတ်သည်။ မြင်းခွာပုံသဏ္ဍာန်ရှိသောကြောင့် မြင်းခွာရွက်ဟုခေါ်သည်။ အဆစ်များမှ အမြစ်မျှင်များထွက်လာပြီးလျှင် မြေကြီးကိုကုတ်ထားသောကြောင့် ရေနှင့်ဓာတ်ဆားရည်များကို လိုသလောက်ရနိုင်လေသည်။ ထို့ကြောင့် မြေသြဇာကောင်းသည်ဖြစ်စေ၊ မကောင်းသည် ဖြစ်စေ နေရာမရွေးပေါက်နိုင်သဖြင့် အခြားအပင်များထက် မျိုးဆက်ပိုမိုပြန့်ပွားလေသည်။ ပင်မသည် အမြစ်မှပြတ်သွားစေကာမူ သေမသွားဘဲ အပင်သစ်တစ်ပင် ဖြစ်ထွန်းလာနိုင်သည်။ မြင်းခွာပင်သည် တစ်နှစ်ခံပင် သို့မဟုတ် နှစ်ကြာခံပင်မျိုးဖြစ်၍ ထိုအပင်ကို မြန်မာနိုင်ငံနေရာတိုင်း၌ အများအပြား တွေ့ရှိနိုင်သည်။ မြင်းခွာရွက်အခြောက်ပြုလုပ်ပြီး ရေနွေးကြမ်းသဖွယ်ပြုလုပ်သောက်သုံးပါက သွေးတိုးကို သက်သာစေပါသည်။ မြင်းခွာရွက်ကို အရည်ညှစ်၍ သကြား၊ ပျားရည်တို့နှင့်ရောစပ်ပြီး နေ့စဥ်သောက်သုံးပါက ခွန်အားကိုတိုးစေပါသည်။ အရေပြားရောဂါအတွက် အရွက်၏အရည် ကိုညှစ်ပြီး လိမ်းပေးပါ။ ထိခိုက်ရှနာကြောင့် ရောင်ရမ်းခြင်းဖြစ်လျှင် အရွက်ကိုကြိတ်ပြီး အရည်ကို လိမ်းပေးပါက သက်သာစေပါသည်။ မြင်းခွာရွက်ကို အားတိုးဆေး၊ အဆိပ်ဖြေဆေး၊ အနာပေါက်ကုဆေး၊ မျက်စိနာရောဂါများအတွက်ပါ သက်သာပျောက်ကင်းစေနိုင်ပါသည်။ မြင်းခွာရွက်ကို အခြောက်ပြုလုပ်ပြီးသောက်သုံးပါက သွေးတိုးကိုလည်း သက်သာစေနိုင်ပါသည်။ ထို့ကြောင့် ဆေးစွမ်းထက်မြတ်လှသော မြင်းခွာရွက်ကို စားသုံးပေးသင့်ပါသည်ဟု ရေးသားလိုက်ရပါသည်။
DOCA(ပဲခူး)
- Log in to post comments

















