ကန်စွန်းရွက်အကြောင်း
ပဲခူးတိုင်းဒေသကြီး၊ပဲခူးမြို့ပင်စည် စည်ပင်သာယာဈေးတွင် ရောင်းချနေသော ကန်စွန်းရွက်ဈေးနှုန်းမှာ ကန်စွန်းရွက်တစ်စည်း (၅၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်းသိရပါသည်။ကန်စွန်းရွက်သည် ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါသည်။ကန်စွန်းရိုးနီကို ကန်စွန်းရွက်ချဥ်ဟင်းအဖြစ် ချက်စားလို့ရသလို၊ ကန်စွန်းရွက်သုပ်အဖြစ်လည်း သုပ်စားနိုင်ပါသည်။ ကျန်းမာရေးအတွက် ဘာတွေကောင်းမွန်သလဲဆိုလျှင် ကန်စွန်းနီသည် အဆိပ်ရှင်းပြီး အဆီကျစေပါသည်။ဗီတာမင်နှင့် သတ္တုဓာတ် တွေလည်း ပေါကြွယ်ဝပါသည်။ကန်စွန်းရွက်(၁၀၀)ဂရမ်တွင် ၁၉ ကယ်လိုရီ၊ ပရိုတိန်း(၂.၆)ဂရမ် ၊အဆီ (၀.၂)ဂရမ်၊ဒါအပြင် ဗီတာမင်A၊ဗီတာမင်B1၊ ဗီတာမင်B2 ၊ဗီတာမင်B3၊ ဗီတာမင်B5၊ဗီတာမင်B6 ဗီတာမင်B9၊ဗီတာမင်C၊ကယ်ဆီလ်ယမ်၊သံဓာတ်၊မဂ္ဂနီဆီယမ်၊မန်းဂနိစ်၊ဖော့စရပ်၊ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ဇင့်တက်တို့လည်း ပါဝင်ပါသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေလည်း အင်အားဖြည့် ပေးပါတယ်။ ကင်ဆာရောဂါမဖြစ်အောင်လည်း တားဆီးပေးပါသည်။ ဆံကေသာကို အားဖြည့်ပေးပါတယ်၊ နှစ်ခြိုက် စွာလည်း အိပ်ပျော်စေနိုင်ပါသည်။ အာရုံကြောစနစ်လည်း ကောင်းစေပါသည်။ ဝမ်းမှန်စေသော သဘာဝဓာတ်စာဖြစ်ပါသည်။ ထို့ကြောင့် ကန်စွန်းရွက်သည် အိမ်ထောင်ရှင်မများအတွက် အမြဲချက် ပြုတ်သင့်သော အစားအစာ တစ်မျိုးဖြစ်ကြောင်း တင်ပြအပ်ပါသည်။
DOCA(ပဲခူး)
- Log in to post comments

















