(၃၀) ကြိမ်မြောက် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအစည်းအဝေးအကြောင်း တစေ့တစောင်း
လူသားတို့၏ နေ့စဉ်ဘဝဖြတ်သန်းမှုတွင် စားရေး၊ နေရေး၊ ဝတ်ရေးဟူသည့် အရေးသုံး ပါးသည် အရေးပါလှပြီး လူနေမှုဘဝလိုအပ်ချက်နှင့်အညီ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူ သောသူနှင့် ရောင်းချသောသူနှစ်ဦးလုံးသည် စားသုံးသူများပင်ဖြစ်ကြသည်။ နှစ်ဦးနှစ်ဖက်မျှတ သောစျေးနှုန်းဖြင့် ကိုယ်ချင်းစာစိတ်ထားကာ ရောင်းဝယ်မှုပြုပါက မည်သည့်အခက်အခဲမျှ ကြုံ တွေ့နိုင်မည်မဟုတ်ပေ။ တစ်ဖက်ဖက်က အတ္တအကျိုးစီးပွားကို ရှေ့တန်းတင်ကာ ဘေးဥပါဒ် အန္တရာယ်ရှိသော၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုမရှိသော၊ တာဝန်ယူမှုတာဝန်ခံမှုမရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကိုသိလျက်ဖြစ်စေ၊ အမှတ်တမဲ့ဖြစ်စေ၊ မသိနားမလည်၍ ဖြစ်စေ ရောင်းဝယ်မှုပြုပါက ထိခိုက်နစ်နာဆုံရှုံးမှုများ ကြုံတွေ့ကြရပေမည်။
ထိုသို့ ထိခိုက်နစ်နာဆုံးရှုံးမှုများ မကြုံတွေ့နိုင်စေရေးအတွက် စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉) တွင်ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုရယူသည့် စားသုံးသူများ၊ ရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် လိုက်နာရမည့်အချက်များကိုတိကျစွာဖော်ပြထားပါသည်။ မြန်မာနိုင်ငံ သည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အားလျော်စွာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အာဆီယံစားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ် များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကတာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါ သည်။
စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အဓိကတာဝန် ယူဆောင်ရွက်နေသော ဌာနဖြစ်သည်နှင့်အညီ စားသုံးသူများကို နိုင်ငံတစ်ဝှမ်း ကျယ်ပြန့် ထိရောက်စွာ အကာအကွယ်ပေးနိုင်ရေးအတွက် ဥပဒေမူဘောင်ဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်း များ၊ စားသုံးသူကာကွယ်ရေးအဖွဲ့အစည်းများ အားကောင်းခိုင်မာစေရေးအတွက် အားပေးကူညီ သောလုပ်ငန်းများနှင့် စားသုံးသူများကို ဒီဂျစ်တယ်ကဏ္ဍအပါအဝင် ကဏ္ဍစုံတွင် စားသုံးသူအခွင့် အရေးများကို ပြည့်ဝစွာအကာအကွယ်ပေးနိုင်ရေးအတွက် ထိရောက်သော စားသုံးသူကာကွယ် ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာနသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ အာဆီယံစားသုံးသူ ကာကွယ်ရေးမဟာဗျူဟာလုပ်ငန်းစီမံချက် (၂ဝ၁၆-၂ဝ၂၅) ကို လိုက်ပါ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အာဆီယံစားသုံးသူကာကွယ်ရေး ကော်မတီအစည်းအဝေး (ASEAN Committee on Consumer Protection Meeting – ACCP ) ကို တစ်နှစ် လျှင်နှစ်ကြိမ် အာဆီယံ အဖွဲ့ ဝင်နိုင်ငံများတွင် နိုင်ငံအက္ခရာစဉ်အလိုက် အလှည့်ကျကျင်းပလျက်ရှိပြီး ကော်မတီဥက္ကဌတာဝန်ကို လည်း နိုင်ငံအက္ခရာစဉ်အလိုက် အလှည့်ကျ ထမ်းဆောင်လျက်ရှိပါသည်။
(၃၀) ကြိမ်မြောက် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအစည်းအဝေးနှင့်ဆက်စပ် အစည်းအဝေးများကို အင်ဒိုနီးရှားနိုင်ငံ၊ တန်ဂျာရန်မြို့တွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးများသို့ အာဆီယံစားသုံးသူကာကွယ်ရေး ကော်မတီအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများမှ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ထိုင်းနိုင်ငံ၊ စားသုံးသူ ကာကွယ်ရေးရုံးအဖွဲ့မှ အမြဲတမ်းအတွင်းဝန်ဖြစ်သူ Mr. Ronnarong Phoolpipat က အစည်း အဝေးဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံစားသုံးသူကာကွယ်ရေးမဟာဗျူဟာလုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅)အရ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအကြောင်း ဆွေးနွေးခဲ့ကြပါသည်။ အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအနေဖြင့် နှစ်အလိုက်ဦးစား ပေးအကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ချမှတ်ပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်မှာ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အာဆီယံလမ်းညွှန်ချက်ရေးဆွဲခြင်းဖြစ်သည်။ အဆိုပါလမ်းညွှန်ချက်တွင် အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးကဏ္ဍကို ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားရေးဆွဲရေးဆိုင်ရာကိစ္စ ရပ်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်သည် စီးပွားရေးလုပ်ငန်းရှင် များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်ကို ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ညွှန်ကြားချက်အရ ကုန်စည်များတွင် ကုန်စည်၏အမျိုးအမည်၊ ကုန်စည်အရွယ်အစား၊ အသား တင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက် ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်စသည်တို့ကို မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက် ဖြစ်စေဖော်ပြရမည် ဖြစ်ပါသည်။
အစည်းအဝေးတွင် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက နိုင်ငံအလိုက်ဆောင်ရွက်လျက်ရှိသည့် စားသုံးသူကာကွယ်ရေးဥပဒေ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပါသည်။ မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ပြဋ္ဌာန်း ခဲ့ပြီး စားသုံးသူကာကွယ်ရေးနည်းဥပဒေကို ၂၀၂၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့ကြောင်း၊ ထို့အပြင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ စားသုံးသူတိုင်ကြားမှုဖြေရှင်းဆောင်ရွက်ခြင်း၊ ဘေးအန္တရာယ် ရှိသော ကုန်စည်အား ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းခြင်းတို့နှင့်စပ်လျဉ်းသည့် ညွှန်ကြား ချက်များကိုလည်း ထုတ်ပြန်ထားရှိကြောင်းဆွေးနွေးခဲ့ပါသည်။ စားသုံးသူကာကွယ်ရေး ဥပဒေ အရ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်ကို ဖွဲ့စည်းထားပြီး နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် စားသုံးသူရေးရာကော်မတီများကို ဖွဲ့စည်းထား ရှိကြောင်း၊ စားသုံးသူတိုင်ကြားမှုများအား လွယ်ကူလျင်မြန်စွာ ဖြေရှင်ပေးနိုင်ရေးအတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center – CICC) များကို ဖွင့်လှစ်ထားရှိပြီး ယခုအခါ CICC ၅၁ ရုံး ဖွင့်လှစ်ထားနိုင်ပြီဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။ စားသုံးသူတိုင်ကြားမှုများအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ ကုန်စည်၊ ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ တိုင်ကြားမှုစုစုပေါင်း ၈၀ မှု အထိ လက်ခံရရှိခဲ့ပြီး ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ တိုင်ကြားမှု ၇၄ မှုနှင့် ကုန်စည်နှင့်စပ်လျဉ်း၍ တိုင်ကြားမှု ၆ မှုရရှိကာ တိုင်ကြားမှုစုစုပေါင်း ၄၃ မှုကို ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့် စားသုံးသူရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်ရန်အတွက် Consumer Call Center 1535 ကို ဖွင့်လှစ်ထားရှိပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ ဆက်သွယ်စုံစမ်းမှု ၁၉၉ ကြိမ် လက်ခံရရှိပြီး စုံစမ်းမေးမြန်းမှုများအား ပြန်လည်ဖြေကြားပေးခဲ့ ကြောင်း ဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို သက်ဆိုင်ရာအစိုးရဌာနများနှင့် ပူးပေါင်း၍ ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် စစ်ဆေးရေး အရာရှိ ၅၆၂ ဦးကို ခန့်အပ်တာဝန် ပေးအပ်ထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဈေးကွက် စောင့်ကြည့်စစ်ဆေးသည့်လုပ်ငန်းများကို ၂၀၂၅ ခုနှစ်အတွင်း ၂၁၂၅ ကြိမ် ဆောင်ရွက်ခဲ့ကာ ကုန်စည်ထုတ်လုပ်သည့် စက်ရုံ၊ အလုပ်ရုံများ၊ တင်သွင်းဖြန့်ဖြူး သည့်နေရာများသို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိ/မရှိ စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း၊ အွန်လိုင်းရောင်းချမှု လုပ်ငန်းများအား လိမ်ညာမှုများကင်းဝေးပြီး စနစ်တကျထိန်းကျောင်းနိုင်ရန်အတွက် ကုန်သွယ်ရေး ဦးစီးဌာနက လုပ်ငန်းမှတ်ပုံတင်စိစစ်ထုတ်ပေးနိုင်ရန်အတွက် မှတ်ပုံတင်ထားသည့် လုပ်ငန်းများ မြေပြင်တွင် အမှန်တကယ်ဆောင်ရွက်မှု ရှိ/ မရှိနှင့် တရားမဝင် ကုန်ပစ္စည်းများရောင်းချမှု ရှိ/မရှိ တို့ကို စိစစ်ကြပ်မတ်ပေးလျက်ရှိကြောင်း ဆွေးနွေးခဲ့ပါသည်။ စားသုံးသူရေးရာသတင်းလွှာနှင့် စားသုံးသူကာကွယ်ရေး တစ်နှစ်တာလုပ်ငန်းဆောင်ရွက်မှုမှတ်တမ်း စာအုပ်များကို ထုတ်ဝေခြင်း နှင့် ဦးစီးဌာနဝက်ဘ်ဆိုက် (www.doca.gov.mm) မှတစ်ဆင့် သတင်းအချက်အလက်များ ဖြန့်ဝေ ပေးလျက်ရှိကြောင်း၊ မတ်လ ၁၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများ နေ့ အထိမ်းအမှတ်အခမ်းအနားများကိုလည်း နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိကြောင်းဆွေးနွေးခဲ့ပါ သည်။
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အမျိုးသားစားသုံးသူကာကွယ်ရေးအစီအစဉ် (၂၀၂၁-၂၀၂၅) အား ကာလအပြီးသတ်သုံးသပ်မှု (End-term Review) ပြုလုပ်ပြီး အမျိုးသား စားသုံးသူ ကာကွယ်ရေးအစီအစဉ် (၂၀၂၆-၂၀၃၀) ကို ရေးဆွဲခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အာဆီယံစားသုံးသူကာကွယ်ရေး ကော်မတီဝက်ဘ်ဆိုက် (ACCP Website) ကို တည် ထောင်ထားရှိပြီး ဝက်ဘ်ဆိုက်တွင် တိုင်ကြားမှုအခြေအနေများနှင့်စပ်လျဉ်း၍ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှ မေလ ၂၅ ရက်နေ့အထိ တိုင်ကြားမှု စုစုပေါင်း ၈၉ မှုရှိပြီး ၂၄ မှုကို သက်ဆိုင် ရာအဖွဲ့အစည်းများသို့ လွှဲပြောင်းပေးထားပြီး ၁၆ မှုကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ တိုင်ကြားမှုအများဆုံး လက်ခံရရှိသည့်နိုင်ငံများမှာ အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံတို့ဖြစ်ပြီး ကုန်စည်နှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့နှင့်စပ်လျဉ်း၍ အများဆုံးတိုင်ကြားထားသည်ကို တွေ့ရှိရပြီး၊ ဝက်ဘ်ဆိုက်တွင်တိုင်ကြားသည့် တိုင်ကြားမှုပုံစံနှင့်အသုံးပြုသူ လမ်းညွှန်ချက်များအား သက်ဆိုင်ရာနိုင်ငံအလိုက် မိခင်ဘာသာစကားသို့ ပြန်ဆိုသွားရမည်ဖြစ်ပါသည်။
အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအနေဖြင့် (၄) ကြိမ်မြောက်အာဆီယံစားသုံး သူကာကွယ်ရေးညီလာခံကျင်းပနိုင်ရေး၊ အာဆီယံစားသုံးသူ ကာကွယ်ရေးမဟာဗျူဟာ လုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅)အား ကာလအပြီးသတ်သုံးသပ်မှု ဆောင်ရွက်နိုင်ရေးနှင့် အာဆီယံ စားသုံးသူကာကွယ်ရေးမဟာဗျူဟာလုပ်ငန်းစီမံချက် (၂၀၂၆-၂၀၃၀) အတည်ပြုထုတ်ပြန်နိုင်ရေး တို့ကို စီစဉ်ဆောင်ရွက်ခြင်း၊ အာဆီယံစားသုံးသူကာကွယ်ရေးဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ လက်စွဲစာအုပ်ပြင်ဆင်ထုတ်ဝေနိုင်ရေး ကူညီဆောင်ရွက်ခြင်း၊ အာဆီယံဒေသတွင်း စားသုံးသူ တိုင်ကြားမှုအား အွန်လိုင်းမှတစ်ဆင့်ဖြေရှင်းဆောင်ရွက်နိုင်ရေး၊ ဒေသတွင်းသတင်းအချက် အလက်ဖြန့်ဝေမှုဆိုင်ရာ လူထုလှုပ်ရှားမှုအစီအစဉ်များအား အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်နိုင်ရေး စသည်တို့ကို ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် ဆက်လက်ဆောင်ရွက်သွားရမည့်လုပ်ငန်းများ
မြန်မာနိုင်ငံအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး ပိုမိုကျယ်ပြန့် ထိရောက်စွာဆောင်ရွက်သွားနိုင်ရေးအတွက် အွန်လိုင်းမှစားသုံးသူအငြင်းပွားမှုဖြေရှင်းသည့် လုပ်ငန်းများအပါအဝင် စားသုံးသူတိုင်ကြားမှုများကို လွယ်ကူလျင်မြန်ထိရောက်စွာ ဖြေရှင်းပေး နိုင်မည့် စားသုံးသူအရေးယူဆောင်ရွက်မှု ယန္တရားစနစ်များကို တည်ထောင်ခြင်းနှင့် တိုင်ကြားမှု များကို စုံစမ်းစစ်ဆေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အစိုးရဌာနများအကြား ပိုမိုနီးကပ်စွာချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်နိုင်သည့်စနစ် တည်ဆောက်ခြင်း၊ နိုင်ငံဖြတ်ကျော်စားသုံးသူအရေးယူ ဆောင်ရွက်သည့်လုပ်ငန်းများကို အာဆီယံနိုင်ငံများနှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် လိုအပ် သည်များကို ပြင်ဆင်ဆောင်ရွက်ခြင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို ခေတ်မီဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ရေရှည် ဖွံ့ဖြိုးတိုးတက်သော စားသုံးမှု ပုံစံများ ဖြစ်ထွန်းတိုးတက်စေရေးအတွက် စားသုံးသူများကို ပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်း သော ထုတ်ကုန်များကို ဝယ်ယူအသုံးပြုကြရန်နှင့် သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းနိုင် ရန်တို့အတွက် အသိပညာပေးဆောင်ရွက်ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များကို ပတ်ဝန်းကျင်ထိ န်းသိမ်းမှုအတွက် အထောက်အကူဖြစ်စေသည့် ထုတ်ကုန်များ (ဥပမာ-အော်ဂဲနစ်ထုတ်ကုန်များ၊ ပြန်လည်အသုံးပြုနိုင်သော လူသုံးကုန်ပစ္စည်းများစသည် ) တို့ကို ထုတ်လုပ်ရောင်းချလာစေရန် တွန်းအားပေးဆောင်ရွက်ခြင်းနှင့် အစိုးရမှပတ်ဝန်းကျင်ရေရှည်ထိန်းသိမ်းနိုင်ရေးအတွက် လိုအပ် သည့်မူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများကို ချမှတ်ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်သွားရပါ မည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီနှင့် မိတ်ဖက်အဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ ပြည်တွင်းဈေးကွက်အတွင်းရှိ ဘေးအန္တရာယ်ရှိသောထုတ်ကုန်များ၊ ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းသောထုတ်ကုန်များနှင့် ပိတ်ပင်တားမြစ်ထားသော ထုတ်ကုန်များစာရင်းကို အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ Website Portal မှတစ်ဆင့် လွှင့်တင်ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာအစိုးရဌာနများအကြား ပူးပေါင်း၍ စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတ များ၊ သတင်းအချက်အလက်များကို မျှဝေဖြန့်ဖြူးပေးခြင်း၊ စားသုံးသူအသိပညာပေးဆွေးနွေး ပွဲများ၊ သင်တန်းများနှင့် Talk Show များကို ကျင်းပပြုလုပ်ခြင်း၊ လူထုဆက်သွယ်ရေးနည်းလမ်း များဖြစ်သော ဝက်ဘ်ဆိုက်၊ ဂျာနယ်သတင်းစာစောင်၊ ရုပ်မြင်သံကြား အစီအစဉ်များမှတစ်ဆင့် အသိပညာပေးခြင်းနှင့် ဆိုရှယ်မီဒီယာလှုပ်ရှားဆောင်ရွက်မှုများ ကျင်းပပြုလုပ်ခြင်း စသည်တို့ကို ဆောင်ရွက်သွားရပါမည်။
အာဆီယံနှင့်မိတ်ဖက်အဖွဲ့အစည်းများထံမှ လိုအပ်သည့်နည်းပညာအကူအညီများကို ရယူဆောင်ရွက်ခြင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်ဖလှယ်ခြင်း၊ ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်၍ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများကို ချိတ်ဆက်ဆောင်ရွက်ခြင်း၊ အသိပညာဗဟုသုတများ၊ သတင်း အချက်အလက်များကိုရယူဖလှယ်ခြင်းနှင့် အာဆီယံနိုင်ငံများနှင့်စားသုံးသူကာကွယ်ရေးလုပ်ငန်း များကိုအဆင့်အတန်းမြင့်မားစွာ ဆောင်ရွက်နေသောနိုင်ငံများမှ ခေတ်မီဖွံ့ဖြိုးတိုးတက်၍ ကောင်း မွန်သောစားသုံးသူကာကွယ်ရေးအလေ့အထကောင်းများကိုလေ့လာ၍ မိမိတို့နိုင်ငံနှင့်လိုက်လျော ညီထွေဖြစ်စွာ ပြည်တွင်းတွင်လက်တွေ့ပြန်လည်အသုံးချဆောင်ရွက်ခြင်းတို့ကိုလည်း ဆောင်ရွက် သွားရပါမည်။
အချုပ်အားဖြင့်ဆိုသော် မြန်မာနိုင်ငံအတွင်းရှိ စားသုံးသူများအနေဖြင့် စားသုံးသူအခွင့် အရေးအပြည့်အဝရရှိစေရေး၊ ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းသောကုန်စည်နှင့် ဝန်ဆောင်မှုများ ရယူသုံးစွဲနိုင်ရေး၊ တာဝန်ယူမှု တာဝန်ခံမှုအပြည့်ရှိသော ဝန်ဆောင်မှုများ ရယူဆောင်ရွက်နိုင်ရေး တို့အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက စားသုံး သူကာကွယ်ရေးဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိနေပါသည်။ စားသုံးသူကာကွယ်ရေးလုပ်ငန်း များအား ယခင်ထက်ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် စားသုံးသူပြည်သူများ၊ သက်ဆိုင် ရာအစိုးရဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက် ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
WS Khaing (ASEAN)
- Log in to post comments

















