မြန်မာ့ဆီထွက်သီးနှံ ရွှေဝါရောင်အနာဂတ်ဆီသို့

     မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဆီထွက်သီးနှံများ သည်လည်း ပြည်သူလူထု၏ နေ့စဉ်စားဝတ်နေရေးအတွက် မရှိမဖြစ်လိုအပ်သည့် အခန်းကဏ္ဍကနေ ပါဝင်နေပါသည်။ မြေဆီလွှာကောင်းမွန်မှုနှင့် သင့်တင့်သည့် ရာသီဥတုတို့ကြောင့် မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီအုန်းစသည့် ဆီထွက်သီးနှံမျိုးစုံကို စိုက်ပျိုးနိုင်ခြင်းသည်လည်း နိုင်ငံ၏ အားသာချက်တစ်ခု ဖြစ်ပါသည်။ စားသုံးဆီအဖြစ် အဓိကထား အသုံးပြုသည့် သီးနှံများသည် တောင်သူ လယ်သမား များအတွက် ဝင်ငွေရရှိစေသလို၊ နိုင်ငံ၏ စီးပွားရေးမှာလည်း အရေးပါသည့် အခန်းကဏ္ဍကနေ ပါဝင်ပါသည်။  

၁။ အဓိက ဆီထွက်သီးနှံများနှင့် စိုက်ပျိုးသည့် ဒေသများ

မြန်မာနိုင်ငံတွင် စိုက်ပျိုးသည့် အဓိက ဆီထွက်သီးနှံများမှာ-

  • မြန်မာနိုင်ငံ၏ အဓိက ဆီထွက်သီးနှံဖြစ်ပြီး နိုင်ငံခြားပို့ကုန်အဖြစ်ပါ တင်ပို့ပါသည်။ အထူးသဖြင့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း စသည့် အညာဒေသများမှာ အများဆုံး စိုက်ပျိုးပါသည်။ ရာသီဥတု အမျိုးမျိုးနှင့် လိုက်လျောညီထွေ စိုက်ပျိုးနိုင်ခြင်းကြောင့် မိုးနှမ်း၊ ဆောင်းနှမ်း၊ နွေနှမ်း စသဖြင့် စိုက်ပျိုးကြပါသည်။
  • စားသုံးဆီအတွက် ဒုတိယအရေးပါဆုံး သီးနှံဖြစ်ပြီး၊ ပဲလှော်၊ ပဲပြုတ် စသည်ဖြင့် တိုက်ရိုက်စားသုံးမှုလည်း များပြားပါသည်။ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း တို့တွင် အဓိက စိုက်ပျိုးပါသည်။
  • ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှုတွင် အရေးပါသည့် သီးနှံဖြစ်ပြီး ဆောင်းသီးနှံအဖြစ် အများဆုံး စိုက်ပျိုးကြပါသည်။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း တို့တွင် စိုက်ပျိုးမှု များပါသည်။
  • ရေရှည်ပင်ဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီးတွင် အဓိကထား စိုက်ပျိုးပါသည်။ ဆီအုန်းစိုက်ပျိုးမှုသည် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် အရေးပါလာပါသည်။
  • မုန်ညင်း၊ မုန်လာဥ စေ့: အချို့ဒေသတွေမှာ ဆီထုတ်ယူဖို့အတွက် စိုက်ပျိုးကြပါသည်။

၂။ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေ

မြန်မာနိုင်ငံ၏ ဆီထွက်သီးနှံ ထုတ်လုပ်မှုဟာ နှစ်စဉ်ပြောင်းလဲနေပါသည်။ စားသုံးဆီ ဖူလုံရေး မူဝါဒများ၊ တောင်သူများ ရွေးချယ်စိုက်ပျိုးမှုများနှင့် ဈေးကွက်ဝယ်လိုအားအပေါ် မူတည်လျက်ရှိ ပါသည်။

  • အထွက်နှုန်း မြှင့်တင်ရေး: မျိုးကောင်းမျိုးသန့် အသုံးပြုမှု၊ ခေတ်မီ စိုက်ပျိုးနည်းစနစ်များ (ဥပမာ- ရေရရှိမှု နည်းသော ဒေသများအတွက် သင့်လျော်သော စိုက်ပျိုးနည်းများ)၊
  • မြေသြဇာနှင့် ပိုးသတ်ဆေး အသုံးပြုမှု စသည့်အချက်များသည် အထွက်နှုန်းကို မြှင့်တင်ရာတွင် အရေးပါ ပါသည်။
  • စားသုံးဆီ ဖူလုံရေး: မြန်မာနိုင်ငံသည် ပြည်တွင်းစားသုံးဆီ လိုအပ်ချက်၏ အများစုကို ပြည်ပကနေ တင်သွင်းနေရဆဲ ဖြစ်ပါသည်။ ထိုကြောင့် ပြည်တွင်းဆီထွက်သီးနှံ ထုတ်လုပ်မှုကို မြှင့်တင်နိုင်ရေးသည် နိုင်ငံ၏ စီးပွားရေး တည်ငြိမ်မှုအတွက် အရေးကြီးပါသည်။

၃။ စိန်ခေါ်မှုများ

ဆီထွက်သီးနှံ ကဏ္ဍမှာ ရင်ဆိုင်နေရသည့် အဓိက စိန်ခေါ်မှုများမှာ

  • ရာသီဥတု ဖောက်ပြန်မှု: မိုးခေါင်ခြင်း၊ ရေကြီးခြင်း စသည့် ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် သီးနှံအထွက်နှုန်း ထိခိုက်တာမျိုး ဖြစ်တတ်ပါသည်။ (သဘာဝဘေး၊ ရာသီဥတုအခြေအနေ)
  • နည်းပညာ အားနည်းချက်: တောင်သူတွေအနေနှင့် ခေတ်မီစိုက်ပျိုးနည်းပညာများ၊  အရည် အသွေးမြင့် မျိုးစေ့များရရှိမှု အားနည်းနေခြင်းမျိုး (တချို့သော ဒေသများ/ ရွာများ) တွင်ရှိနေပါသေးသည်။
  • ဈေးကွက် မတည်ငြိမ်မှု: ကုန်ကြမ်းသီးနှံ ဈေးနှုန်းတွေက အချိန်နှင့်အမျှ အတက်အကျရှိခြင်း (ပြည်တွင်း/ ပြည်ပရောင်းလိုအား၊ဝယ်လိုအား)ကြောင့် တောင်သူများအတွက် ရေရှည်စီမံကိန်း ဆွဲရန် ခက်ခဲစေပါသည်။
  • ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်မားခြင်း: တွက်ခြေကိုက်မှု ( လူ့စွမ်းအား ၊ အရင်းအနှီး၊ နည်းပညာ အပါအဝင်) လောင်စာဆီ၊ မြေသြဇာ စသည့် သွင်းအားစု စျေးနှုန်းများ မြင့်တက် လာခြင်းသည် တောင်သူများ အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါသည်။
  • ပြုပြင်ထုတ်လုပ်မှု ကွင်းဆက် အားနည်းခြင်း: ကုန်ကြမ်းအဆင့်မှ ဆီကြိတ်ခြင်း၊ သန့်စင်ခြင်း၊ ထုပ်ပိုးခြင်း စသည့် ကွင်းဆက်များ ကုန်ပစ္စည်းများရောင်းဝယ်ခြင်းတွင် အဆင့်ဆင့်ရောင်းချမှု များပြားခြင်း ခေတ်မီစက်ကိရိယာများနှင့် အရည်အသွေးထိန်းချုပ်မှုများ လိုအပ်နေပါသေးသည်။
  • ဒေါ်လာဈေး အတက်/ အကျ

၄။ အနာဂတ် အလားအလာများနှင့် ဆောင်ရွက်လျက်ရှိသည့်နည်းလမ်းများ

မြန်မာနိုင်ငံ၏ ဆီထွက်သီးနှံ ကဏ္ဍအတွက် အနာဂတ် အလားအလာကောင်းများ များစွာရှိနေပြီး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး (R&D) မြှင့်တင်ခြင်း: ရာသီဥတုဒဏ်ခံနိုင်သည့် အထွက်နှုန်းမြင့်သည့် မျိုးကောင်းမျိုးသန့်များ ဖော်ထုတ်နိုင်ရန် စိုက်ပျိုးနည်းစနစ်များကို တိုးတက်အောင် လုပ်ဆောင် လျက်ရှိပါသည်။တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်ခြင်း: ဆီအပြင် နှမ်းဖတ်၊ မြေပဲဖတ် စသည့် ဘေးထွက်ပစ္စည်းများကို  တိရစ္ဆာန်အစာ သို့မဟုတ် မြေသြဇာအဖြစ် တန်ဖိုးမြှင့် ထုတ်လုပ်နိုင်ပါသည်။ ပြည်ပဈေးကွက် ချဲ့ထွင်ခြင်း: အရည်အသွေးကောင်းသည့် မြန်မာ့နှမ်းသီးနှံကို နိုင်ငံတကာ ဈေးကွက် တွင် ပိုမိုနေရာရအောင် ကြိုးပမ်းသင့်ပါသည်။နည်းပညာနှင့် ငွေကြေးပံ့ပိုးမှု: တောင်သူများအတွက်

စိုက်ပျိုးရေး နည်းပညာများနှင့် ငွေကြေးအရင်းအနှီး ရရှိရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်အောင် အစိုးရ လမ်းညွှန်ချက်များအညီနှင့် ပုဂ္ဂလိက ကဏ္ဍပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ နှစ်သီးခြား၊ သီးထပ်စိုက်ပျိုးရေး တွန်းအားပေး ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ စိုက်ပျိုးရေး ဧရိယာများ တိုးချဲ့ခြင်းထက် သီးနှံအထွက်နှုန်းကောင်းအောင် နှင့် စိုက်ပျိုးမြေများ အပြည့်အဝ အသုံးချနိူင်ရေးအတွက် ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါသည်။

မူဝါဒ ပံ့ပိုးမှု: ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံ စိုက်ပျိုးသူများအား အားပေးသည့် မူဝါဒများ၊ ဈေးကွက်တည်ငြိမ်ရေးအတွက် မူဝါဒများချမှတ်ပြီး အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။

နိဂုံး

အချုပ်အားဖြင့် မြန်မာနိုင်ငံ၏ ဆီထွက်သီးနှံ ကဏ္ဍသည် စိန်ခေါ်မှုများ ရှိနေသော်လည်း အလားအလာကောင်းများစွာနှင့် ပြည့်နှက်နေပါသည်။ ဤကဏ္ဍကို စနစ်တကျ မြှင့်တင်နိုင်ပါက ပြည်တွင်းစားသုံးဆီ ဖူလုံမှုကို အထောက်အကူပြုရုံသာမက တောင်သူလယ်သမားများ၏ လူမှုစီးပွား ဘဝကိုပါ မြှင့်တင်ပေးနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အရေးပါသည့် အုတ်မြစ်တစ်ခုအဖြစ် ရပ်တည်နိုင်မှာဖြစ်ပြီး၊ ရွှေဝါရောင် ဆီထွက်သီး နှံများနှင့်အတူ သာယာဝပြောသည့် အနာဂတ်ကို တည်ဆောက်နိုင်ပါကြောင်း တင်ပြ လိုက်ရပါသည်။

         ကိုးကား - MOALI Website

  • www.cso.gov.mm
  • ဆီထွက်သီးနှံ ထုတ်လုပ်မှု၊ ပြည်တွင်းစားသုံးမှု macro-economic data
  • www.frontiermyanmar.net

DOCA(ရန်ကုန်)