ဆိတ်နို့ပင်၏ အသုံးဝင်ပုံများ

မြန်မာအမည်ဖြင့် ဆိတ်နို့ပင်ဟုခေါ်သော ဆေးဖက်ဝင်အပင်ကို အရှေ့တောင် အာရှနှင့် အိန္ဒိယတို့တွင် ရာစုနှစ်များစွာ အသုံးပြုခဲ့ကြပါသည်။ ၎င်း၏ အရွက်၊ အမြစ်နှင့် အပွင့်များကို ရိုးရာ ဆေးဝါးအဖြစ် အသုံးပြုကြပြီး အဆစ်နာ၊ ဂေါက်ရောဂါ၊ အကိုက်အခဲရောဂါများအတွက် အရွက် ပြုတ်ရည်(သို့)အရွက်ကြိတ်ညှစ်ရည်ကို လိမ်းဆေးအဖြစ်လည်းကောင်း၊ အရွက်ကို မီးကင်ပြီး ရောင်နေသောအရေပြားပေါ်တွင် အုံပေးခြင်းဖြင့်လည်းကောင်း ရောင်ရမ်းမှုလျော့ကျစေပါသည်။ ဆိတ်နို့ပင်ကို အမြစ်ပါမကျန် နုတ်ယူပြီး သန့်စင်အောင် ဆေးကြော၍ အပိုင်းပိုင်းလှီးဖြတ်ကာ နေလှန်းအခြောက်ခံရပါမည်။ ဆိတ်နို့ပင်ခြောက်များကို ဒယ်အိုးထဲထည့်ပြီး အနံ့မွှေးလာသည်အထိ လှော်၍ လက်ဖက်ခြောက်အစား ရေနွေးကြမ်းအဖြစ် တစ်နေ့ ၂-၃ ကြိမ် သောက်သုံးပါက လက်ဖျား၊ ခြေဖျား ထုံကျဉ်ခြင်းများကို ကုသရန်အတွက်အကောင်းဆုံး အသုံးဝင်ပါသည်။
ယားနာ၊ ပွေး၊ ဝဲ၊ နှင်းခူ စသည့် အရေပြားပြဿနာများကို အရွက်ကြိတ် ညှစ်ရည်ဖြင့် လိမ်းပေးခြင်း၊ အနာများကို သန့်စင်ပေးရန် အရွက်ပြုတ်ရည်ဖြင့် ဆေးကြောခြင်းများ လုပ်ပေးပါက ပျောက်ကင်းနိုင်ပါသည်။ အမြစ်ပြုတ်ရည်ကို ဗိုက်အောင့်ဗိုက်နာ၊ လေထိုးလေအောင့်၊ ဝမ်းပျက်ဝမ်း လျှောရောဂါများအတွက်လည်းကောင်း၊ သန်ချဆေးအဖြစ်လည်းကောင်း၊ ပိုးကောင် ကိုက်ခံ ရခြင်း အတွက် လိမ်းဆေးအဖြစ်လည်းကောင်း အသုံးပြုကြပါသည်။ ထူးခြားသော ကျန်းမာရေး အကျိုး ကျေးဇူးများအနေဖြင့် ထုံကျဉ်၊ ခေါင်းမူး၊ ဝေဒနာသက်သာစေခြင်း၊ ကိုယ်တွင်းအဆိပ် အတောက်များ ကို ဖယ်ရှားပေးပြီး ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းညှိပေးခြင်း၊ ဘေးထွက်ဆိုးကျိုးမရှိ၊ လက်တွေ့ အကျိုးရှိခြင်းတို့ကြောင့် အထက်ပါဝေဒနာများ ခံစားရပါက အသုံးပြုနိုင်စေရန်အတွက် လေ့လာသိရှိ သမျှ ဖော်ပြပေးလိုက်ရပါသည်။
DOCA(မန္တလေး)