အာဟာရဖြစ်စေသည့် ထန်းသီး
ထန်းသီးသည် အသည်းအဆိပ်အတောက်များကိုဖယ်ရှားပေးပြီး ကျောက်ကပ်ကိုကျန်းမာ စေရုံသာမက ဆီးချိုသမားများအတွက်ပါ အာဟာရဖြစ်စေပါသည်။ ထန်းသီးတွင် ဖော့စဖော့ရပ် ပါဝင်သောကြောင့် ဆီးသွားမှန်စေပြီး ကျောက်ကပ်ကိုကျန်းမာစေပါသည်။ ခန္ဓာကိုယ်အတွက် အထောက်အကူပြုသော ဗီတာမင်နှင့်သတ္ထုဓာတ်များစွာပါဝင်သောကြောင့် ဆီးချိုသမားများအတွက် သင့်လျော်သော အစားအစာတစ်မျိုးဖြစ်ပါသည်။ အစာအိမ်အတွင်းနံရံများကို ကျန်းမာစေသော ကြောင့် ရင်ပူခြင်းများကိုသက်သာစေပြီး အစာအိမ်သမားများအတွက် သင့်လျော်သောအာဟာရ တစ်ခုဖြစ်ပါသည်။ အစာခြေစနစ်ကိုကောင်းမွန်စေသောကြောင့် ဝမ်းမှန်စေပြီး ရေဓာတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် ဆီးသွားလျှင်နာကျင်ခြင်းများ၊ ခြေကုန်လက်ပမ်းကျခြင်းများကို သက်သာစေနိုင် ပါသည်။ နွေရာသီတွင်ဖြစ်တတ်သော မိတ်ပေါက်သည့်ရောဂါများကိုသက်သာစေရန် ထန်းသီး၏ ဂျယ်လီသားအနှစ်များကို ကပ်ပေးပါက အရေပြားယားယံမှုကိုသက်သာစေပါသည်။ ထို့အပြင် ထန်းသီးကိုစားသုံးပေးပါက သန်ကျစေနိုင်သလို အသည်းမှအဆိပ်အတောက်များကိုလည်း ဖယ်ရှား ပေးနိုင်ပါကြောင်း ဆေးပညာစာပေများမှ ဖတ်ရှုလေ့လာမှတ်သားရပါသည်။
DOCA(မန္တလေး)
- Log in to post comments

















