ဆေးဖက်ဝင်သော ရှဉ့်မတက်ပင်

ရှဉ့်မတက်အပင်သည် မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်ပြီး သဘာဝအတိုင်းပေါက် ရောက်သောအပင်မျိုးဖြစ်ပါသည်။ နှစ်ရှည်ခံရစ်ပတ်နွယ်ပင်မျိုးဖြစ်ပြီး ပင်စည်သည် အညိုရောင်ရှိ ကာမာကျောပြီးဆူးများပါရှိပါသည်။ ရွက်ထီးဖြစ်ပြီး အပ်ချောင်းပုံရွက်ဖတ် ကလေးများစု၍ထွက် သည်။ ပန်းခိုင်တွင် စိမ်းဝါရောင်ပန်းပွင့်ကလေးများပွင့်ပြီး လုံးဝန်းသောအစေ့ များနှင့် ခွံပျော့သီး ဖြစ်သည်။ အစေ့မှာ (၂)စေ့မှ (၆)စေ့ခန့်အထိပါရှိသည်။ မြန်မာဆေးကျမ်းများအရ ရှဉ့်မတက်ဥသည် ချိုဆိမ့်ပြီး ခွန်အားကိုဖြစ်စေခြင်း၊ ဝမ်းမီးကိုတောက်စေခြင်း၊ ဝဖြိုးစေခြင်း၊ နှလုံးရောဂါ၊ သွေးအန်၊ သွေးကျ၊ အဆုတ်နာကိုပျောက်ကင်းစေခြင်း၊ လေ၊ သလိပ်၊ သည်းခြေတို့ ကိုနိုင်စေခြင်း၊ သွေးလုံး လေလုံးရောဂါများ၊ ဖောရောင်ခြင်း၊ မျက်စိရောဂါများ၊ အဖျားရောဂါများ ကိုသက်သာပျောက်ကင်း စေနိုင်ကြောင်း ဖတ်ရှုလေ့လာမှတ်သားသိရှိရပါသည်။
DOCA(မန္တလေး)