တင်းတိပ်ရောဂါနှင့်ဆေးဖက်ဝင် အပင်တစ်ပင်

မြန်မာအမျိုးသမီးအများစုသည် အသက်(၄၀) ကျော်လာပါက မျက်နှာတွင် တင်းတိပ်များ ဖြစ်ပေါ်လာတတ်ကြသည်။ နိုင်ငံခြားဖြစ် မိတ်ကပ်များကိုဈေးကြီးပေးဝယ်၍လိမ်းသော်လည်း ခဏ သာသက်သာပျောက်ကင်းကြပြီး ရေရှည်သုံးစွဲပါကလည်း ဘေးထွက်ဆိုးကျိုးများကို ခံစားရနိုင် ပါသည်။ မြန်မာ့ဆေးဖက်ဝင်အပင်ဖြစ်သည့် ရှားစောင်းလက်ပတ်ပင်သည် တင်းတိပ်များကို သိသာစွာ ဖယ်ရှားပေးနိုင်ပါသည်။ ရှားစောင်းလက်ပတ်ပင်၏အပြင်ခွံကိုဓားနှင့်ခွာပြီး အသားအနှစ် ကို ပါးပါးလှီးကာ မျက်နှာပေါ်ရှိ တင်းတိပ်ကျသောနေရာများတွင် ကပ်ပေးပါက တဖြေးဖြေးတင်း တိပ်များလျော့ပါးလာပါသည်။ စတင်ပြုလုပ်ခါစတွင် မသိသာသော်လည်း ရက်သတ္တပတ်ခန့် ကြာသောအခါ မျက်နှာသစ်လိုက်လျှင် စပ်ဖျဉ်းဖျဉ်းဖြစ်လာသည်ကို ခံစားလာရသည်။ မျက်နှာပေါ် မှတင်းတိပ် အမည်းစက်များ မှေးမှိန်လာသည်ကို (၁၀) ရက်ကျော်သောအခါ သိရှိလာရပါသည်။ ရှေးလူကြီးများသည် ရှားစောင်းလက်ပတ်အနှစ်ကို ဟင်းချိုချက်သောက်ရန်လည်း အကြံပေးထား ပါသည်။ အမျိုးသမီးများ သွေးသားမမှန်ခြင်း၊ သွေးဆုံးကိုင်ခြင်း၊ မီးယပ်လွန်ခြင်း၊ မီးယပ်အဖြူ ဆင်းခြင်း၊ မျက်နှာတင်း တိပ်ထွက်ခြင်း၊ မျက်ကွင်းညိုခြင်းများကိုလည်း ပျောက်ကင်းစေနိုင်ပါသည်။ ရှားစောင်းလက်ပတ် ဟင်းချိုကိုအရသာကောင်းမွန်စေရန် စမုန်စပါးရွက်၊ လယ်ပတူရွက်၊ ကန်စွန်း ရွက်စသည်တို့နှင့် လည်းရော၍ချက်စားနိုင်ပါသည်။ ရှားစောင်းလက်ပတ်အပင်သည် အိမ်တိုင်းတွင် ပန်းအိုးနှင့်စိုက်လျှင်ပင် ရှင်သန်နိုင်သောအပင်ဖြစ်ပြီး ဆေးဖက်လည်းဝင် ဟင်းချက်စရာအပင် အဖြစ်လည်းသုံးနိုင်သော အပင်မျိုးဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)