ဖက်ဖယ်ရွက်
ဖက်ဖယ်ရွက်သည် ကချင်ဟင်းလျာထဲတွင် မပါမဖြစ်သောအရွက်တစ်မျိုးဖြစ်သည်။ ဖက်ဖယ်ရွက်သည် နာကျင်ရောင်ရမ်းမှုကိုသက်သာစေနိုင်သော ကောင်းကျိုးများလည်းရှိပါသည်။ ဖက်ဖယ်ရွက်ကိုစားပေးခြင်းဖြင့် အစာကြေစေနိုင်ခြင်း၊ အအေးမိတုပ်ကွေးဖြစ်ခြင်းကိုသက်သာ စေနိုင်ခြင်း၊ နှာစေးနှာပိတ်ကိုသက်သာစေခြင်း၊ အဆိပ်ရှိသောအကောင်များအကိုက်ခံရပါက အဆိပ်ပြေစေဖို့အတွက် အသုံးပြုပေးနိုင်ခြင်း၊ ဗိုက်အောင့် ၊ ဗိုက်နာသက်သာစေနိုင်ခြင်း၊ ဝမ်းပျက် ဝမ်းလျှောသက်သာစေနိုင်ခြင်း၊ ဝက်ခြံသက်သာစေခြင်း၊ အရေပြားကျန်းမာစေနိုင်ခြင်း၊ ဆီးချိုသက် သာစေနိုင်ခြင်း၊ အစာအိမ်ဝေဒနာကိုသက်သာစေနိုင်ခြင်းနှင့် ဗောက်သက်သာစေနိုင်ခြင်းစသည့် ကျန်းမာရေးအကျိုးကျေးဇူးများကိုလည်း ရရှိစေနိုင်ပါသည်။ ဖက်ဖယ်ရွက်ကိုဟင်းခတ်အမွှေး အကြိုင်အဖြစ်စားသုံးလို့ရနိုင်သလို ချင်း(ဂျင်း)၊ ပျားရည်၊ ငရုတ်ကောင်းတို့နှင့်ရောစပ်ပြီး ဆေး အဖြစ်လည်းမှီဝဲအသုံးပြုနိုင်ပါသည်။ ဖက်ဖယ်ရွက်ကိုအရည်ကြိတ်၍ အသုံးပြုနိုင်ကြောင်းလေ့လာ သိရှိရပါသည်။
DOCA(မန္တလေး)
- Log in to post comments

















