ပဒဲကောပန်း

အာရုံကြောအဖျားရောင်ခြင်း၊ လက်ထုံကျင်ခြင်း၊ နိုးလာချိန်တွင်အပူလိုင်းဝင်သလို ခံစား ရခြင်း(သို့) အတွင်းကျတဲ့ရေယုန်ကြောင့် ကိုယ်လက်ပူလောင်နေသူများအတွက် ပဒဲကောပန်းကို စားသုံးပေးသင့်ပါသည်။ ပဒဲကောပန်းကိုစားသုံးပေးခြင်းဖြင့် လေဓာတ်လည်ပတ်မှုကိုကောင်းမွန် စေပြီး ခန္ဓာကိုယ်အတွင်းကဓာတ်များကို ဟန်ချက်ညီစေကာ လေထိုးလေအောင့်၊ အစာမကြေခြင်း များကိုလည်း သက်သာစေနိုင်ပါသည်။ ပဒဲကောပန်းကို အစိမ်းလိုက်စားခြင်း၊ ပြုတ်စားခြင်း၊ ဟင်းရည်ချက်သောက်ခြင်းနှင့် ဟင်းချက်၍လည်းစားသုံးနိုင်ပါသည်။ ပဒဲကောပန်းသည် မေလထဲ တွင်အများဆုံးပေါ်ပြီး မကြာခဏစားသုံးပေးခြင်းဖြင့်လည်း ကျန်းမာရေးအတွက်‌ ကောင်းကျိုးများစွာ ရရှိနိုင်ကြောင်းလေ့လာဖတ်ရှု့မှတ်သားရပါသည်။
DOCA(မန္တလေး)