ဆံကေသာအတွက် ထောလပတ်ရွက်

မိန်းမတို့ဘုန်းဆံထုံး ဆိုသကဲ့သို့ မြန်မာအမျိုးသမီးများအတွက် ဆံပင်သည်အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ ဆံသားများကိုကောင်းမွန်အောင် ထောလပတ်ရွက်သည် အထောက်အကူပြုပါသည်။ ဆံပင်ဆိုးဆေးများသုံးခြင်း၊ ဆံပင်များပျက်စီးခြင်း၊ ကျဲခြင်း၊ ဦးရေပေါ် ခြင်းများဖြစ်ပါက ထောလပတ်အရွက်ကိုကြိတ်ခြေပြီး အရည်ကိုဦးရေထဲသို့ဝင်အောင်လိမ်းကာ နာရီဝက်ခန့်ပေါင်းထားပြီး ခေါင်းလျှော်ပေးပါက ဆံသားများပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။ ဆံပင်အားနည်းသူများ၊ ငယ်ထိပ်ကွက်သူများ၊ ဆံပင်ကျွတ်သူများအနေဖြင့် ထောလပတ်ရွက်ကို အခြောက်လှမ်း၍ သံပြားပေါ်တင်ပြီးအပူပေးကာ ပြာချပြီး ရလာသောပြာကို အုန်းဆီစစ်စစ်နှင့်စိမ် ထားပြီး ပုံမှန်လိမ်းပေးပါက သက်သာစေနိုင်ပါသည်။ ထို့အပြင် မျက်ခုံးမွှေးကျဲသူများအနေဖြင့်လည်း ထောလပတ်အရွက်ကိုအရည်ညှစ်ပြီး ကွမ်းရိုးနှင့်တို့၍ မျက်ခုံးမွှေးအရာအတိုင်းဆွဲပေးပါက ခုံးမျက်စ သုံးရက်လ ကဲ့သို့ လှပစေနိုင်ပါကြောင်း ဆေးပညာစာပေများမှ လေ့လာဖတ်ရှုမှတ်သားရပါသည်။
DOCA(မန္တလေး)