နနွင်းအကြောင်း

နနွင်းသည် နနွင်းပင်ကရရှိသော ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်ပြီး နနွင်းပင်၏ အမြစ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုလျက်ရှိသည်။ နနွင်းကို အဆစ်ရောင်ခြင်း၊ ရင်ပူခြင်း၊ အဆစ်ကိုက်ခြင်း၊ အစာအိမ်အောင့်ခြင်း၊ အူလမ်းကြောင်းအနာဖြစ်ခြင်း၊ သွေးယိုခြင်း၊ ဝမ်းပျက်ခြင်း၊ လေထိုးလေပွခြင်း၊ အစားစားချင်စိတ်မရှိခြင်း၊ မျက်စိဝါ၊ အသားဝါခြင်း၊ အသည်းရောဂါ၊ သည်းခြေ အိတ်ရောဂါများ၊ ဓာတ်ရောင်ခြည်ကုထုံးကြောင့် အရေပြားရောင်ရမ်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း စသည့်ကျန်းမာရေးပြဿာနာအမျိုးမျိုးအတွက် အသုံးပြုကြပါသည်။ ထို့အပြင် ခေါင်းကိုက်ခြင်း၊ လေပြွန်ရောင်ခြင်း၊ အအေးမိခြင်း၊ အဆုတ်ပိုးဝင်ခြင်း၊ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲခြင်း၊ ဖျားနာ ခြင်း၊ ဓမ္မတာလာစဉ်ဖြစ်တတ်သောနာကျင်မှုများကိုသက်သာစေခြင်း၊ အရေပြားယားယံခြင်း၊ သွေး ချို ဆီးချိုရောဂါများ၊ ဆီးအိတ်ရောင်ရမ်းခြင်းနှင့် ကျောက်ကပ်ရောင်ရမ်းခြင်းများစသည့် ရောဂါ များအတွက်လည်း နနွင်းကိုအသုံးပြုကြသည်။ နနွင်းကိုအသုံးမပြုခင် သတိပြုရမည့်အချက်များ လည်းရှိပါသည်။ ကိုယ်ဝန်ဆောင်နေချိန်(သို့မဟုတ်) ကလေးနို့တိုက်ချိန်များတွင် ဆရာဝန်ညွှန်ကြား ချက်မရှိဘဲ နနွင်းကိုအသုံးမပြုသင့်ပါ။ နနွင်းသည် သည်းခြေပြဿနာများကိုပိုဆိုးစေနိုင်သည့် အတွက် သည်းခြေကျောက်တည်နေသူများ၊ သည်းခြေပြွန်ပိတ်ဆို့နေသည်များ အသုံးမပြုသင့်ပါ။ နနွင်းကိုပမာဏအများအပြားသောက်သုံးမိလျှင် ခန္ဓာကိုယ်၏သံဓာတ်စုပ်ယူမှုကို ထိခိုက်နိုင်သည့် အတွက် သံဓာတ်ချို့တဲ့သူများအတွက် အထူးသတိပြုသင့်ပါသည်။ ထို့ကြောင့် နနွင်းသည်ကျန်းမာ ရေးအတွက် ကောင်းကျိုးများရှိနိုင်သလို ဆိုးကျိုးများလည်းရှိနိုင်သည့်အတွက် သတိထားသောက် သုံးသင့်ပါသည်။
DOCA(မန္တလေး)