ပျားရည်၏ကျန်းမာရေးကောင်းကျိုးများ

ပျားရည်သည်အိမ်တိုင်းတွင်ဆောင်ထားသင့်သော ကျန်းမာရေးအတွက်သဘာဝကပေးသည့် လက်ဆောင်တစ်ခုဖြစ်ပါသည်။ ကမ္ဘာပေါ်တွင်ပျားအမျိုးပေါင်း(၃၂၀)ခန့်ရှိပြီး အရောင်၊ အနံ့နှင့်အရ သာအမျိုးမျိုးရှိကြပါသည်။ ပျားရည်ကို အလွန်အကျိုးရှိသော ဖြည့်စွက်စာအဖြစ်ယူဆကြပြီး ပျားရည်တွင် သကြားဓာတ်၊ အမိုင်နိုအက်ဆစ်၊ ဗီတာမင်၊ သတ္တုဓာတ်၊ သံ၊ ဇင့်နှင့်အန်တီအောက်ဆီး ဒန့်ရောစပ်ထားသောဂုဏ်သတ္တိများစွာပါဝင်သောကြောင့် ကျန်းမာရေးအတွက်အလွန်အကျိုးရှိလှ ပါသည်။ ပျားရည်ကိုနေ့စဉ်လက်ဖက်ရည်ဇွန်းတစ်ဇွန်းစားသုံးပေးခြင်းဖြင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိပြီး ကင်ဆာရောဂါကိုထိန်းချုပ်ပေးခြင်း၊ နှလုံးကျန်းမာရေးကောင်းခြင်းနှင့် အခြားကျန်းမာရေးအကျိုးကျေးဇူးများစွာကို ရရှိစေနိုင်ပါသည်။ ပျားရည်ကိုအခြားအစားအစာများ ကဲ့သို့ပင် အလွန်အကျွံစားသုံးပါက အချို့သောရောဂါများကို ဖြစ်ပေါ်စေနိုင်ပါသည်။ မီးလောင် ကျွမ်းမှုများတွင်ဒဏ်ရာကိုသက်သာစေရန် ပျားရည်ကိုအသုံးပြုခြင်းခြင့် တိုးတက်မှုရှိကြောင်းတွေ့ရှိ ရပြီး ပျားရည်တွင်ပါဝင်သောAntioxidant ကြောင့်နှလုံးရောဂါကိုလျော့နည်းစေခြင်း၊ အစာ ခြေစနစ်ကိုကောင်းမွန်စေခြင်း၊ ချောင်းဆိုးရောဂါများကိုသက်သာစေနိုင်ခြင်းနှင့် ညဘက်အိပ်မ ပျော်သူများအတွက် ပျားရည်ကိုစားသုံးပေးခြင်းဖြင့် သဘာဝအလျောက်အိပ်စက်စေနိုင်ခြင်း စသည့်ကျန်းမာရေးအကျိုးကျေးဇူးများကိုရရှိစေနိုင်ပါသည်။ ပျားရည်ကိုအလွန်အကျွံစားသုံးမိခြင်း ကြောင့် သွေးတွင်းသကြားဓာတ်ကိုမြင့်မားစေခြင်း၊ သွားကျန်းမာရေးကိုထိခိုက်စေခြင်း၊ သွေးဖိ အားနည်းစေခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်းတို့၏အစိတ်အပိုင်းများကိုအန္တရာယ်ဖြစ်စေခြင်း၊ ဝမ်းလျှောခြင်း၊ အစာအိမ်ကျုံ့ခြင်းစသည့်ကျန်းမာရေးပြဿနာများကိုဖြစ်စေနိုင်ပါသည်။ ပျားရည် နှင့်ဓာတ်မတည့်မှုများရှိလျှင်လည်း ပျားရည်ကိုလုံးဝရှောင်သင့်ပါသည်။ ထို့ကြောင့် ပျားရည်ကို အစာလည်းဆေး ဆေးလည်းအစာဖြစ်စေရန်အတွက် သတိထားစားသုံးသင့်ကြောင်းနှင့် တစ်နေ့ လျှင် လက်ဖက်ရည်ဇွန်း(၁၀)ဇွန်းထက်ပို၍ မစားသုံးသင့်ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)