အုန်းနှဲပင်၊ ငုပင်၊ ဆင်တုံးမနွယ်ပင် အစွမ်း
ဆေးနည်းပေါင်းစုံကျန်းမာရေး ဗဟုသုတဖော်ပြချက်သိရှိရခြင်းဖြစ်သည်။ သစ်ပင်ကျွမ်းကျင် ပညာရှင်၏ အဆိုရမအိုမနာမသေချင်လျှင် မအိုမနာမသေသောဆေးပင်ကို သုံးစွဲရမည်ဟု ဆို သည်။ယင်းဆေးပင်များမှာ အုန်းနှဲပင်၊ငုပင်၊ ဆင်တုံးမနွယ်ပင်တို့ ဖြစ်သည်။အုန်းနှဲပင်၏ အခေါက်ကို နေလှန်းအတုံးလေးများ တုံး၍ ကွမ်းယာဆေးလိပ်တွင် ထည့်၍ သုံးကြသည်ကို ငယ်ငယ်က မြင်ဖူးကြမည် ထင်ပါသည်။ ရှေးလူကြီးများအဆိုအရ အုန်းနှဲပင်ရှိရာ အနီးအနားတွင် ရေတွင်းတူးက ရေချိုထွက်သည် ဟူ၍လည်း ကြားဖူးနားဝရှိခဲ့ဖူးပါသည်။ အုန်းနှဲပင်သည် (၁၂) ရာသီလုံး ရင့်ရော်အိုမင်းအရွက်ကြွေခြင်း မရှိသည့်အပင်မျိုးဖြစ်သည်။ ထိုကြောင့် အုန်းနှဲပင်ကို မအိုသော အပင် ဟုခေါ်ကြသည်။ ငုပင်သည် မနာသောအပင်ဖြစ်သည်။ ငုပင်၏ အခေါက်ကို ခွာယူလျှင် ၎င်းငုပင်သည် နွမ်းခြင်းမရှိလေ။ အပူညှဉ်းလေးအားရှိလေဖြစ်ကာ လန်းဆန်းစိုပြေသော သတ္တိ ရှိသည်။ ငုပင်က နာအောင်ညှဉ်းလေ မနာလေအပင်ဖြစ်သည်။ မသေသောအပင်က ဆင်တုံးမနွယ် ပင် ဖြစ်သည်။ မြေ၊ရေ မထိတွေ့ရစေကာမူ သေသည်ဟူ၍ မရှိချေ။ အဖြူ၊ အဝါ၊ အနက် သုံးမျိုးတွင် အနက်မျိုးသည် အကောင်းဆုံးဖြစ်သည်။ အစွမ်းသတ္တိကောင်း ဆေးပင်(၃) မျိုးကို အညီအမျှစီယူ၍ ပျားရည်စစ်စစ်နှင့် ရောပြီး စားက အကျိုးများသည်ဟု ဆိုကြသည်။ ချွဲကြပ်ခြင်း၊ မောဟိုက်ခြင်း၊ လေဖြတ်ခြင်း၊ ထုံခြင်း၊ ကိုယ်တပိုင်းတခြမ်းသေခြင်း၊ ဆီးရှိလျက် ဆီးမဆင်းခြင်း၊ ဓာတ်ချုပ်စမြင်း ခံခြင်း၊ လေငန်းအမျိုးမျိုးတို့အတွက် ပျောက်ကင်းစေပြီး ကျန်းမာအသက်ရှည်သည်ဟု လေ့လာ သိရှိရသည်။ ၎င်းဘေးတွင် နနွင်းခါးစစ်စစ် ထပ်မံရောစပ်က ဆီးချိုရောဂါနှင့် ကျောက်ကပ် လုပ်အားမရှိ၍ သွေးအညစ်အကြေးများပြီး သွေးကွက်ယားကွက်ထွက်သူ ဝေဒနာရှင်များလည်း သက်သာပျောက်ကင်းနိုင်ကြောင်းလည်း သိရှိရသည်။မည်သို့ဆိုစေကာမူ နွယ်မြက်သစ်ပင် ဆေးဖက် ဝင်ဆိုသည့် အတိုင်း သစ်ပင်ပန်းပင်တို့၏ အစွမ်းထက်မူကို သိရှိစေရန်သာ လေ့လာတင်ပြခြင်း ဖြစ်သည်။
DOCA(မန္တလေး)
- Log in to post comments

















