သံပုရာသီးရေနွေးစိမ် အသုံးဝင်ပုံ
သံပုရာသီးရေနွေးစိမ်သည် အခွံစိမ်းစိမ်းသံပုရာသီးတစ်လုံးကို လေးစိပ်စိပ်ပြီး ကြွေပုဂံတခု ထဲတွင် ရေနွေးဖြူလောင်းထည့်ပေးခြင်းဖြင့် လတ်ဆတ်သောအစိမ်းရောင်အခွံ သံပုရာသီးကိုသုံးပေး ပါက အခွံကထွက်လာသည့် အဆီတွေသွေးပေါင်ကိုထိန်းနိုင်စေပြီး အဝလွန်အဆီပိုတွေကိုကောင်း ကျိုးပြုစေခြင်း၊ သံပုရာသီးတနေ့တစ်လုံး ပုံမှန်သောက်ပေးပါက ဝမ်းဗိုက်မှအဆီများကျပြီးကိုယ် ရည် စစ်သွားစေခြင်း၊ခန္ဓာကိုယ်ကို ရေဓာတ်အဖြစ်ပံ့ပိုးပေးခြင်း၊ ရင်ပူခြင်းကိုသက်သာစေခြင်း၊ ကြွက်သားနှင့်အရိုးအဆစ်များ နာကျင်မှုကိုသက်သာစေခြင်း၊ ကိုယ်တွင်းကိုယ်ပရောင်ရမ်းနာများကို ကောင်းကျိုးပြုစေခြင်း၊ အင်ဇိုင်းပမာဏ တိုးပွားလာစေခြင်း၊ သွေးတိုးရောဂါကိုသက်သာစေခြင်း၊ ကိုယ်အလေးချိန်ကို ထိန်းညှိပေးခြင်း၊ ကယ်လ်စီယမ် အနည်များကိုပျော်ဝင်စေနိုင်သောကြောင့် ကျောက်ကပ်ကျောက်တည်ခြင်း၊သည်းခြေကျောက်တည်ခြင်း၊ ပန်ကရိယကျောက်တည်ခြင်းမဖြစ် စေနိုင်ခြင်း၊ အရိုးအဆစ်အမြစ်များကို ဒုက္ခပေးသည့်ယူရင်းအက်ဆစ်ဓာတ် ပမာဏကိုကျစေခြင်း ၊အရိုးနုများနှင့်တစ်သျှူးတွေကို ကျန်းမာစေခြင်း၊အရေပြားပေါ်ရှိ အမာရွက်အမည်းကွက်စသည့် အပြစ်အနာအဆာများကို လျော့ပါးစေခြင်း၊ ခန္ဓာကိုယ်မှအနံ့ဆိုးများ ပျောက်ကင်းစေနိုင်ကြောင်း သိရှိရသည်။
DOCA(မန္တလေး)
- Log in to post comments

















