လောင်ဂန်သီး (ခေါ်)လေချူသီးအသုံးဝင်ပုံ
လောင်ဂန်သီးတွေကို ဒေသအလိုက်အခေါ်အဝေါ်တွေပြောင်းသွားကြသည်။ လောင်ဂန်သီး ကောင်းကျိုးတွေမှာ Gallic အက်ဆစ်နှင့် အာနိသင်တူသည့် Polyphenols ဓာတ်မြင့်မားစွာပါရှိသောကြောင့် ခန္ဓာကိုယ်တွင်းအဆိပ်အတောက်များကို လျှော့ချပေးနိုင်သည့်အပြင် ကင်ဆာအကျိတ် အဖုများကို ကောင်းစွာနှိမ်နင်းပေးနိုင်ခြင်း၊ အထူးသဖြင့် ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ် ကင်ဆာနှင့်သားအိမ်ခေါင်းကင်ဆာဆဲလ်များကြီးထွားပြန့်ပွားမှုကို ဟန့်တားပေးနိုင်ခြင်း၊ အစေ့ထဲ တွင်ပါရှိသည့် အက်စစ်သုံးမျိုး ဓာတုဓာတ်ပေါင်းစုကအအေးမိ၊ တုပ်ကွေး၊ဖျားနာခြင်းများကို အလွယ် တကူမဖြစ်စေနိုင်ခြင်း၊ ကိုယ်တွင်းကိုယ်ပရောင်းရမ်းနာများကိုသက်သာစေကာအစာအိမ် ရောဂါ၊ အစာမျိုလမ်းကြောင်းရောဂါတို့အတွက်လည်းကောင်းကျိုးပြုစေခြင်း၊ ခန္ဓာကိုယ်သွေးလှည့် ပတ်မှု စနစ်ကိုကောင်းမွန်စေခြင်း၊ သွေးကိုအာဟာရဓာတ် ဖြည့်ပေးနိုင်ပြီးအာရုံကြောစနစ်တွေ ကိုလည်း နိုးကြားစေနိုင်သည့်အတွက် စိတ်ဖိစီးမှုများသူတွေအနေဖြင့် စားသုံးပေးနိုင်ခြင်း၊ အိပ်မပျော် သူများ၊ သွေးလေချောက်ချား စိတ်မငြိမ်သူများအတွက်လွန်စွာ ဆေးဖက်ဝင်ခြင်း ၊ဦးနှောက်ကို ကျန်းမာ စေပြီးသတိမေ့ရောဂါတွေကိုသက်သာပျောက်ကင်းနိုင်ခြင်း၊ အပင်မှရရှိနိုင်သော သဘာဝ များလုံ လောက်စွာ ပါရှိနေ၍အသားအရေကို ကြည်လင်စေပြီး အိုမင်ရင့်ရော်မှုကို တားဆီးပေး နိုင်ခြင်း၊ အရေပြားကင်ဆာဖြစ်နိုင်ခြေ အလားအလာမှလျော့ချပေးနိုင်ခြင်း၊ အမြင်အာရုံကိုတိုး တက်ကောင်း မွန်စေပြီးသွားနှင့်သွားဖုံးကိုကျန်းမာစေပြီး ခံတွင်းဆိုင်ရာ ပြဿနာတွေကိုလည်းဖြေ ရှင်းပေးနိုင်ခြင်း၊ အရွယ်ရောက်ပြီးသူတိုင်းတနေ့၅လုံးမှန်မှန်စားပေးခြင်းဖြင့် သွေးအားနည်းရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ခြင်း၊အရိုးပွရောဂါ အရိုးပျော့ရောဂါစသည့်အရိုးကျန်းမာရေးအတွက် စားသုံးပေး နိုင်ခြင်း၊ ပိုတက်ဆီယမ်မြင့်မားစွာပါရှိပြီး ဆိုဒီယမ်လုံးဝမရှိသည့်အတွက်သွေးတိုးရောဂါ ကိုလွန်စွာ ကောင်းကျိုးပြုပေးနိုင်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ အရေပြားမှိုစွဲခြင်းနှင့် သွေးထွက်လွန် ခြင်းအတွက် လောင်ဂန်သီးထဲတွင်ပါရှိသည့် အနက်ရောင်အစေ့ကကောင်းကျိုး ပြုပေးနိုင်ခြင်း၊ မြွေကိုက် ဒဏ်ရာ အတွက် လောင်ဂန်သီးထဲရှိအစေ့ခြောက်မှုန့်ကို ဒဏ်ရာပေါ်အုံပေးခြင်းဖြင့် မြွေဆိပ် ဖြေဆေးအဖြစ် အသုံးပြုကြောင်း သိရှိရသည်။
DOCA(မန္တလေး)
- Log in to post comments

















