စွယ်တော်ရွက် ဆေးဖက်ဝင်
စွယ်တော်ရွက်သည် သွေးသားခန်းခြောက်သောရောဂါ၊ သလိပ်နာ၊ ကိုယ်ပူနာ၊ လေနာ တို့ကိုနိုင်စေသည်။ စွယ်တော်ပွင့်ဖြူသည် ချို၊ ငန်သောအရသာရသည်။ ဝမ်းမီးကိုချုပ် စေနိုင်ခြင်း၊ နုတ်ကိုမိန်စေခြင်း၊ သွေးဖောက်ပြန်သောဝေဒနာ၊ ထိခိုက် ၊ ဒဏ်ရာ ၊ ချောင်းဆိုးခြင်း ၊ သည်းခြေနာ၊ ပန်းနာတို့ကိုနိုင်စေခြင်း၊ အဖြူပွင့်နှင့်အနီပွင့်သည် ပုံသဏ္ဍန်အနည်းငယ်ကွဲလွဲသည်မှ တစ်ပါးအာနိသင်အတူတူပင်ဖြစ်သည်။ စွယ်တော်ရွက်နုများကို ဟင်းချိုချက်သောက်၍ လည်းကောင်း၊ ကြော်ချက်ပြုလုပ်၍လည်းကောင်း စားသုံးနိုင်သည်။ အပူငြိမ်းစေခြင်း၊ အိပ်ပျော်စေခြင်း၊ နှလုံးကိုအားရှိစေခြင်းအကျိုးကျေးဇူးများရရှိစေပါသည်။ စွယ်တော်နီသည် အေးဖန်၍ဝမ်းမီးကို တောက်စေခြင်း၊ စွယ်တော်အငယ်မျိုးသည် တြိဒေါသနာ၊ ဦးခေါင်း၌ပေါက်သောအနာကိုနိုင်ခြင်း၊ စွယ်တော်ပန်းအဖြူကို ပြုတ်သောက်ပါက ဆီးနည်းခြင်း၊ အသည်းရောင်အသားဝါဖြစ်ခြင်း စသည့် ရောဂါများ ပျောက်ကင်းစေခြင်း၊ ခရမ်းရောင်သည် သွေးအညစ်အကြေးကိုပယ်စွန့်၍ မီးယပ်သွေး ဆုံးပျောက်ခြင်း၊ အညွန့်များကို ပြုတ်သောက်ခြင်းဖြင့် သွေးပုပ်ကင်းစင်ပြီး အသက်ရှည်ကျန်းမာ စေခြင်း၊ အဆစ်ရောင်ရမ်းခြင်း ၊အဆစ်ကိုက်ခြင်း ၊ဆီးအနယ်ကျခြင်း တို့ကိုပျောက်စေခြင်း၊ အမြစ် ပြုတ်ရည်ကိုသောက်သုံးပေးခြင်းဖြင့် ဆီးလမ်းကြောင်းနာကျင်ကိုက်ခဲခြင်းကိုပျောက်ကင်းစေခြင်း ၊ရေငတ်ခြင်းကိုပယ်၍ထုံကျင်ခြင်းတို့ကာကွယ်ပေးနိုင်ခြင်း၊ စွယ်တော်ပင်သည် တေဇောပျက်၍ အောက်ပိုင်းညောင်းညာကိုက်ခဲခြင်းကိုသက်သာပျောက်ကင်း စေသောတန်းဖိုးကြီးမားသည့် ဆေးပင် တစ်ပင်ဖြစ်ကြောင်း သိရှိရသည်။
DOCA(မန္တလေး)
- Log in to post comments

















