မရိုးပင်(သို့မဟုတ်)ငဖြူကြီးအစေးအစွမ်း

     မရိုးပင်သည် အရွက်ကိုမီးကင်ပြီးအစေးနှင့်ရောကပ်ပေးပါက အဖုအကျိတ်ပျောက်ကင်းစေ ခြင်း၊ အစေးဖြူကို ဖနောင့်ကွဲနေသောနေရာကို ထည့်ပေးခြင်းဖြင့်သက်သာပျောက်ကင်းစေခြင်း၊ အသားမာကို အစေးဖြင့်ပွတ်ပေးခြင်း၊အရွက်ဖြင့်ကြိတ်အုံခြင်းဖြင့် ပျောက်ကင်းစေခြင်း၊ အမျိုးသမီး များ သားအိမ်တွင်း သွေးလုံး၊လေလုံးရှိပါက နနွင်းမှုန့်နှင့်မရိုးစေးကိုရောစပ်ပြီး ဝမ်းဗိုက်အား လိမ်းပေးပါက တဖြည်းဖြည်း သေးငယ်ကာ သက်သာပျောက်ကင်းစေခြင်း၊    တင်းတိတ်ရှိပါက သနပ်ခါးနှင့်မရိုးစေးကိုသွေးလိမ်းပေးပါက သက်သာပျောက်ကင်းစေခြင်း၊ ခါးနာ၊ ဒူးနာခြင်းအတွက် မရိုးရွက်များအား မီးကင်းပြီးအဝတ်ပတ္တီးဖြင့် ပတ်စည်းပေးပါက သက်သာပျောက်ကင်းကြောင်း သိရှိရသည်။   

DOCA(မန္တလေး)