စပါးလင်ခြောက်ဆေးဖက်ဝင်
စပါးလင်ခြောက်ကို ပြုတ်သောက်ပေးခြင်းဖြင့် ခါးနာ၊ အဆစ်အမြစ်ကိုက်ခဲခြင်းနှင့် သွေးတိုးရောဂါ ဝေဒနာခံစားနေရသူတွေ အတွက်အလွန်ကောင်းမွန်သည့် ဆေးပင်တစ်မျိုးဖြစ်သည်။ စပါးလင်ပင်ကိုလှီးပြီးနေလှန်းထားလေ့ရှိကြသည်။ ခန္ဓာကိုယ် ကိုက်ခဲခြင်း ၊ ခြေထောက်တွေ တောင့်တင်းခြင်း၊ ခါးလေးတာ ဒါမှမဟုတ် သွေးတိုးတာတွေ ဖြစ်လာသည့်အခါ ပြုတ်သောက် လိုက်ရင် ခန္ဓာကိုယ်ကိုပေါ့ပါးလန်းဆန်းစေပါသည်။ စပါးလင်ပြုတ်သောက်ခြင်းဖြင့်ရရှိစေသည့် အဓိက အကျိုးကျေးဇူးများမှာနာကျင်ကိုက်ခဲမှုသက်သာစေပြီး သွေးလည်ပတ်မှုကိုကောင်းမွန်စေ ခြင်း၊ ခါးနာ၊ အဆစ်အမြစ်ကိုက်ခဲမှုကိုသက်သာစေခြင်း၊ အသားအရေရောင်းရမ်းတာကိုလျော့ကျ စေပြီး ဆီးသွားခြင်းကို ကောင်းမွန်စေခြင်း၊ ခန္ဓာကိုယ်ထဲက လေကိုကန်ထုတ်ပေးခြင်း၊ ကိုယ်ခန္ဓာဖောရောင်သည့် သက်ကြီးရွယ်အိုတွေအထူးတော်ခြင်း၊ သွေးပေါင်ချိန်ကိုအနည်းငယ်ကျ စေခြင်း၊ သွေးကြောတွေကိုသဘာဝအတိုင်း ပြေလျှော့စေခြင်း၊ အစားအစာကိုပိုမိုမြန်မြန် ကြေညက်စေပြီး လေပွ၊လေထခြင်းကိုသက်သာစေပြီး ဟင်းချက်ရာတွင် အသုံးပြုလေ့ရှိသော ရိုးရှင်းသည့်စပါးလင်ဖြစ်ကြောင်း သိရှိရသည်။
DOCA(မန္တလေး)
- Log in to post comments

















