ကမ်းဇော်ပင် အသုံးဝင်ပုံ

   ကမ်းဇော်ပင်သည် အစေ့ကကြမ်းပိုးအနံ့နှင့် နည်းနည်းဆင်တူ၍ သစ်ကြမ်းပိုးပင် လည်းကောင်း ၊ တောင်မင်းဂွတ်ပင် ဟူ၍အမျိုးမျိုးခေါ်ဆိုကြသည်။ ပင်စည်၏အသားသည် နီညို ရောင်သစ်မာသားအမျိုးအစားဖြစ်သည်။ အပင်တစ်ပင်ကို အိမ်တစ်လုံးခန့်ဆောက်နိုင်သည်။ ပင်စည်အပိုင်းအစများကို ဘုရားဆင်တုတော်အဖြစ်အသုံးပြုကြသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လိမ္မော်ရင့် ရောင် ဆိုးဆေးအဖြစ်သိုးမွှေးနှင့်ချည်ထည်မှာအသုံးပြုကြသည်။  မြန်မာပြည်တွင် မြေနိမ့်ချိုင့်ဝှမ်း ရွှံ့နွံပေါ၍ရေရရှိသောဒေသ တနင်္သာရီတိုင်း မြိတ်ခရိုင်ဘုတ်ပြင်းနယ်အနီးတစ်ဝိုက် တွင်ပေါက်ရောက်သည်။ ကမ်းဇော်ဆီသည် ကျန်းမာရေးအတွက်အကျိုးကျေးဇူးများမှာ သားအိမ် ကင်ဆာနှင့် ရင်းသားကင်ဆာအတွက်သောက်သုံးနိုင်ခြင်း၊ အပူလောင်ခြင်း၊ နားအူခြင်း၊ နားအတွင်း အနာဖြစ်ခြင်း၊ အိပ်ရာအပူလောင်နာ၊ ပြည်စု၊ပြည်တည်၊ အနာဟောင်းအနာဆွေး၊ အနာစိမ်း၊ သွေးစု နာ၊ အကြိတ်အဖုအမျိုးမျိုး၊ အနာပချုပ်တို့ကိုသက်သာပျောက်ကင်းစေပါသည်။ အသီးရဲ့အရသာက ချိုစိမ့်ခါးအရသာရှိသောကြောင့် အရေးပြားကောင်းစေသော ဆေးအရက်အဖြစ် ဖော်စပ်သောက် သုံးကြသည်။ အဆစ်အမြစ်ကိုက်ခဲခြင်း၊ လေထိုးလေအောင့်ဗိုက်နာဗိုက်အောင့်ခြင်း၊ နှလု့းသည်းခြေ အားနည်းခြင်း၊နာတာရှည်အဆုပ်ရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ဝမ်းကိုက်ခြင်း၊ ချောင်းဆိုး သွေးပါရောဂါ၊ ဝမ်းတွင်းနာ၊ ထိခိုက်ပွန်းပဲ့ရှနာခြင်း၊အင်ပြင်ထွက်ခြင်း၊ အသားအရေခမ်း ခြောက်ခြင်း၊ လေဖြတ်ခြင်းနှင့် ထုံကျင်ကိုက်ခဲသည့်ရောဂါများကို သက်သာပျောက်ကင်းစေကြောင်း သိရှိရသည်။ 

DOCA(မန္တလေး)