သွားကျန်းမာရေးကိုလျစ်လျူရှုပါကကြုံတွေ့နိုင်သောနောက်ဆက်တွဲပြဿနာများ

                  မြန်မာနိုင်ငံရှိလူအများစုတွင်သွားပိုးစားခြင်း၊သွားဖုံးရောဂါနှင့်ခံတွင်းအနံ့ပြဿနာများဖြစ်ပွားနေပြီးအများစုမှာကြိုတင်ကာကွယ်နိုင်သောရောဂါများဖြစ်ကြောင်းသွားနှင့်ခံတွင်းကျန်းမာရေးပညာရှင်များကအဆိုပြုထားပါသည်။ သွားနှင့်ခံတွင်းကျန်းမာရေးကိုထိခိုက်စေသော အဓိကအကြောင်းအရင်းများမှာသကြားပါသောအစားအစာနှင့်အချိုရည်များကိုများစွာသောက်သုံးခြင်း၊နေ့စဉ်သွားမတိုက်ခြင်း (သို့မဟုတ်) မှန်ကန်စွာမတိုက်ခြင်း၊ဆေးလိပ်၊ကွမ်းယာစသည့်ဓာတုပစ္စည်းများအသုံးပြုခြင်းတို့ကြောင့်ဖြစ်သည်။သွားပိုးစားခြင်းကိုစောစီးစွာမကုသပါကသွားကိုက်ခြင်း၊သွားကျိုးခြင်း၊ သွားဖုံးရောင်ခြင်း၊ သွားကျွတ်ခြင်း အထိဖြစ်နိုင်ပြီး နှလုံးရောဂါ၊ဆီးချိုရောဂါစသည့် ကျန်းမာရေးပြဿနာများနှင့်လည်း ဆက်စပ်နိုင်သည်။ ကာကွယ်ရန်နည်းလမ်းများမှာ ဖလူအိုရိုက်ပါသောသွားတိုက်ဆေးဖြင့် နေ့စဉ် နှစ်ကြိမ်သွားတိုက်ခြင်း၊ အထူးသဖြင့်ညအိပ်ရာဝင်ခါနီးသွားတိုက်ခြင်း၊ သကြားပါသော အစားအစာနှင့် အချိုရည်များလျှော့သောက်ခြင်း၊ဆေးလိပ်နှင့်ကွမ်းယာဖြတ်ခြင်း၊ ခြောက်လတစ်ကြိမ်သွား ဆရာဝန်နှင့် စစ်ဆေးခြင်းတို့ဖြစ်ပါသည်။သွားပိုးစားခြင်းသည်ကြိုတင်ကာကွယ်၍ရသော ရောဂါတစ်မျိုးဖြစ်ပြီး နေ့စဉ်သွားတိုက်သည့်အလေ့အကျင့်ကို ငယ်စဉ်ကတည်းကပျိုးထောင်ပေးသင့်ပါသည်။ထို့ကြောင့် မိမိတို့အနေဖြင့် သွားကျန်းမာရေးကိုလျစ်လျူမရှုဘဲ နေ့စဉ်ဂရုစိုက်ခြင်းဖြင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း ဖတ်ရှု့လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)