ညောင်တုန်းမြို့နယ်၌ အပူဒဏ်ကာကွယ်ရေး နှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

         ညောင်တုန်းမြို့နယ်၌ အပူဒဏ်ကာကွယ်ရေး နှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ် ညောင်တုန်းမြို့နယ်တွင် အပူဒဏ်ကြောင့် ဖြစ်ပေါ်နိုင်သည့် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများကို ကြိုတင်ကာကွယ်နိုင်ရေးနှင့် စားသုံးသူများအနေဖြင့် မိမိတို့၏အခွင့်အရေးနှင့် တာဝန်များကို သိရှိနားလည် စေရေးအတွက် အပူဒဏ်ကာကွယ်ရေးနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို (၇.၁၀.၂၀၂၆) ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၌ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချိုမီဇင်မှ အသိပညာပေးဟောပြောမှု ပြုလုပ်ခဲ့သည်။အဆိုပါဟောပြောပွဲတွင်မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အပူဒဏ်ကာလအတွင်း ကျန်းမာရေးထိခိုက်မှုများ မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ ရာသီဥတုပြောင်းလဲမှုနှင့် အပူဒဏ်ဆိုင်ရာ သတိပြုရမည့် အချက်များကို အသိပညာပေးဟောပြောခဲ့သည်။ထို့အပြင် စားသုံးသူများ၏အခွင့်အရေးများ၊လုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ ဘေးအန္တရာယ် ကင်းရှင်းပြီး အရည်အသွေးပြည့်မီသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ရွေးချယ်အသုံးပြုနိုင်ရေး တို့ကိုလည်း ဆက်လက်အသိပညာပေးခဲ့ပြီး ထို့အပြင် စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်ပတ်သက်သောသတင်းအချက်အလက်များကို အလွယ်တကူ မေးမြန်းစုံစမ်းနိုင်ရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုကြုံရပါက ဌာနသို့ အလွယ်တကူ ဆက်သွယ်တိုင်ကြားနိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် လိုက်နာဆောင်ရွက်ရမည့် သတင်းအချက်အလက်များကို ဌာနသို့ အလွယ်တကူဆက်သွယ် မေးမြန်းစုံစမ်းနိုင်ရန် ရည်ရွယ်၍ Consumer Call Center (1535) ဖွင့်လှစ်ထားကြောင်း အသိညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး အမက (တောရကျောင်း) မှ ကျောင်းသား၊ ကျောင်းသူ (၄၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)