မအူပင်မြို့နယ်ရှိ စားအုန်းဆီ လက်ကား၊ လက်လီရောင်းချသူများအား စနစ်တကျရောင်းချရေး အသိပညာပေး

မအူပင်မြို့နယ်အတွင်း စားအုန်းဆီများကို ပြည်သူများလက်ဝယ်သို့ စနစ်တကျရောက်ရှိစေရေးနှင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချနိုင်ရေးအတွက် စားအုန်းဆီ လက်ကား၊ လက်လီရောင်းချသူများအား အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့တွင် မအူပင်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဒုခရိုင်ဦးစီးမှူး‌ဦးအောင်ဇော်ဦးမှ လုပ်ငန်းရှင် ၂၅ဦးနှင့် ဆီရောင်းချဖြန့်ဖုူးမှုကို အသိပညာပေး ဆွေးနွေးမှူပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် မအူပင်မြို့နယ်အတွင်းရှိ စားအုန်းဆီ လက်ကား၊ လက်လီရောင်းချသည့် ဆိုင်ပေါင်း ၂၇ ဆိုင်မှ လုပ်ငန်းရှင်များအား စားအုန်းဆီများကို ဆီစာအုပ်စနစ်ဖြင့် စနစ်တကျရောင်းချရန်၊ ပြည်သူများထံသို့ မျှတစွာဖြန့်ဖြူးရောင်းချရန်နှင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချရန်၊ မိမိရောင်းချဖြန့်ဖြူးမှုများကို စာရင်းအတိအကျပြုလုပ်ဆောင်ရွက်ထားပြီး စစ်ဆေးသည့်အခါ မှန်ကန်တကျစွာ စစ်ဆေးခံနိုင်ရေး၊ ဆီစာအုပ်အသစ်အဟောင်း ထုတ်သည့် အခါ ဌာနနှင့် ချိတ်ဆက်၍ မှန်ကန်စွာလုပ်ဆောင်နိုင်ရေး ပြည်သူများ အဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရေး တို့ကို အသိပညာပေးဆွေးနွေးခဲ့သည်။

ထို့ပြင် စားသုံးသူများ၏ အခွင့်အရေးများကို လေးစားလိုက်နာရန်၊ ရောင်းချမှုလုပ်ငန်းစဉ်များတွင် ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် တိုက်တွန်းဆွေးနွေးခဲ့ ကြောင်း သိရသည်။

 ဧရာဝတီ(DOCA)