မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကမ်းနားလမ်းဆေးရုံရပ်ကွက်ရှိ အားသစ် သောက်ရေသန့်လုပ်ငန်း အား ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးသန်းထွဠ်နှင့် ဝန်ထမ်းများသည်၊ မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ (၁၂-၁၀-၂၀၂၆)ရက်နေ့ နံနက် (၁၁;၀၀)နာရီက ဝါးခယ်မမြို့နယ်၊ ကမ်းနားလမ်းဆေးရုံရပ်ကွက်ရှိ အားသစ်သောက်ရေသန့်လုပ်ငန်းအား ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းမှုရှိစေ ရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ ဝါးခယ်မမြို့နယ်၊ ကမ်းနားလမ်းဆေးရုံရပ်ကွက်ရှိ အားသစ်သောက်ရေသန့်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိနှင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်း မှုရှိစေရေးစစ်ဆေးခဲ့ပြီးပိုင်ရှင်အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသော ဥပဒေ ၂၀၁၉ပါပြဌာန်းချက်များမှ တားမြစ်ချက်များ၊ ပြစ်မှု ပြစ်ဒဏ်များ၊ ဥပဒေအခန်း (၁၈)ပါကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍မည်သည့် စီးပွားရေးလုပ်ငန်း ရှင် မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင်မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေရေးသား ဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့် အညီလိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားမှုရှိ/မရှိ၊ ဌာနမှဈေးကွက် စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသိပေးပြောကြားခဲ့ပါသည်။ 

DOCA(ဧရာဝတီ)