မအူပင်မြို့နယ်ရှိ NICE မိုဘိုင်းအွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေး

       မအူပင်မြို့နယ်အတွင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့် အညီ ဆောင်ရွက်မှုရှိစေရေးနှင့် မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသည့် အချက်အလက် များသည် မြေပြင်အခြေအနေနှင့် ကိုက်ညီမှုရှိ/မရှိ စိစစ်နိုင်ရေးအတွက် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် မအူပင်မြို့နယ်၊ ရေလဲလမ်းရှိ NICE မိုဘိုင်းအွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့သည်။ အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးအောင်ဇော်ဦးက အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်း၏ မှတ်ပုံတင်လျှောက်ထားမှုဆိုင်ရာ အချက်အလက်များ၊ လုပ်ငန်းတည်ရှိရာ လိပ်စာနှင့် မြေပြင်အခြေအနေတို့ ကိုက်ညီမှုရှိ/မရှိကို တိုက်ဆိုင်စိစစ်ခဲ့ပြီး သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့် အညီ လုပ်ငန်းဆောင်ရွက်မှုရှိ/မရှိကိုလည်း စစ်ဆေးခဲ့သည်။ အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းများ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် မှန်ကန်စေရေး၊ လုပ်ငန်းရှင်များက သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာစေရေးနှင့် အွန်လိုင်းရောင်းချရာတွင် မှန်ပုံတင်ထားစဉ်က ရောင်းချသော ကုန်ပစ္စည်းများ မှန်ကန်မှုရှိမရှိစစ်ဆေးပြီး၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေများ အကြောင်း ကို လုပ်ငန်းရှင်အား ဆွေးနွေးပေးခဲ့ပြီး စားသုံးသူများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်နိုင် ရေးတို့ အတွက် စစ်ဆေးရေးအရာရှိမှ မြေပြင်ကွင်းဆင်းစစ်ဆးခဲ့‌ကြောင်း သိရသည်။ 

DOCA(ဧရာဝတီ)