မြောင်းမြခရိုင်၊အိမ်မဲမြို့နယ်၊ အထက်ပိုင်းရပ်ကွက်ရှိ အ.ထ.က(၁) အခြေံပညာအထက်တန်းကျောင်းမုန့် ဈေးတန်းတွင်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်း နှင့် ဝန်ထမ်းများသည် (၁၅-၁၀-၂၀၂၆)ရက်နေ့၊ နံနက်(၁၁;၀၀)အချိန်တွင် အိမ်မဲမြို့၊‌ အထက်ပိုင်းရပ်ကွက်ရှိ အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်းမုန့်ဈေးတန်းအားကျောင်းကျန်းမာရေးအဖွဲ့၊ကျောင်းမုန့်ဈေးတန်း ကော်မတီဝင်များ နှင့်အတူကုန်စည်များနှင့်ပတ်သတ်၍ လုံခြုံစိတ်ချရမှုရှိစေရေး၊ဘေးအန္တာရာယ်ကင်းရှင်းစေရေးတို့အတွက် ကျောင်းမုန့် ဈေးတန်းအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ် အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစီစစ်ခဲ့ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန် သက်ဆိုင် ရာဌာနများမှ ထုတ်ပြန်ထားသောတားမြစ်မုန့်များ၊ အစားအသောက်များ၊ သက်တမ်းလွန်အစားအစာများ၊ ရောင်းချမှုမရှိစေရေး မြန်မာနိုင်ငံစားသုံးကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီမြန်မာဘာသာဖြင့်ပြည့်စုံစွာဖော်ပြထားသောကုန်စည်များကိုသာရောင်းချရန် စားသုံးသူရေးရာ ဦးစီး ဌာနအနေဖြင့် စားသုံးသူပြည်သူများ၊ကျောင်းသားကျောင်းသူများအား ကုန်ပစ္စည်းများကိုဝယ်ယူသုံးစွဲရာတွင် လုံခြုံ စိတ်ချရမှုရှိပြီးဈေးရောင်းသူများသည်ဉပဒေပါပြဌာန်းချက်များသတ်မှတ်ချက်များနှင့်ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချကြရန် ရှင်းလင်းမှာကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

 (DOCAဧရာဝတီ)