ငပုတောမြို့၌ ပြည်သူများအား အယ်နီညိုရာသီဥတု အပူဒဏ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် မြို့နယ် တာဝန်ခံ ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများသည် (၁၂.၁၀.၂၀၂၆)ရက်နေ့ နံနက်(၈:၃၀) အချိန်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်မိခင် နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့နှင့် ပူးပေါင်း၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံးရှေ့၌ ပြည်သူများအား အယ်နီညိုရာသီဥတု အပူဒဏ်ကာကွယ်ရေး အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း ပူးပေါင်းဆောင်ရွက် ခဲ့ကြပါသည်။ ထိုသို့ဖြန့်ဝေရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးအောင်ဆန်းဦးမှ ဒေသခံပြည်သူများအား အယ်နီညိုရာသီဥတု အပူဒဏ်ကာကွယ်ရေး အသိပညာများ ရှင်းလင်း ပြောကြားပြီး လက်ကမ်းစာစောင်များအား အဖွဲ့ဝင်များနှင့်အတူ ပြည်သူများသို့ ပေးဝေခဲ့ပါသည်။ (DOCA) ဧရာဝတီ

















