ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာတွင် မုန့်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး ဆိုင်ရာ အသိပညာပေးဆောင်ရွက်
၂၀.၁၀.၂၀၂၆ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာရှိ မုန့်လုပ်ငန်းရှင် (၁၃) ဦးအား စားသုံးသူကာကွယ်ရေး ဆိုင်ရာ အသိပညာပေး ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးမှုတွင် မုန့်နှင့်စားသောက်ကုန်များ ထုတ်လုပ်ရောင်းချ ရာ စားသုံးသူများ၏ ကျန်းမာရေးနှင့် အကျိုးစီးပွားကို ထိခိုက်မှုမရှိစေရေး၊ ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြထားရှိရေး၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံး ရက်စွဲများ ဖော်ပြရေး၊ အစားအသောက်ဘေးကင်းလုံခြုံရေးနှင့် သန့်ရှင်းရေးဆိုင်ရာ လိုက်နာရ မည့်အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ သတ်မှတ်ချက် များကို သိရှိလိုက်နာပြီး အရည်အသွေးပြည့်မီသော ထုတ်ကုန်များကို ထုတ်လုပ်ရောင်းချခြင်း ဖြင့် စားသုံးသူများ၏ ယုံကြည်မှုရရှိစေရေး ဆောင်ရွက်ကြရန် အသိပညာပေးပြောကြားခဲ့ ကြောင်း သိရသည်။
DOCA (မွန်)

















