စိုက်ပျိုးရေးသုံး ယူရီးယားမြေဩဇာဆိုင်အား ကွင်းဆင်းစစ်ဆေး

 

          ၁၉.၁၀.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မြို့နယ်ယူးရီးယား ဝယ်ယူဖြန့်ဖြူးရောင်းချရေး ကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဘီးလင်းမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာအရောင်းဆိုင် များသို့ သွားရောက်၍ ဓါတ်မြေဩဇာအမျိုးမျိုးတို့၏ ဈေးနှုန်းများနှင့် အရည်အသွေးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထို့သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ယူရီးယားတီစူပါ (50) Kg (၁) အိတ်လျှင် (၁၂၇၀၀၀) ကျပ် ၊   ကွန်ပေါင်း (၁၅ပတ်လည်) (50) Kg (၁) အိတ်လျှင် (၁၄၅၀၀၀) ကျပ် နှုန်းတို့ဖြင့် ရောင်းချနေကြောင်း တွေ့ရသည်။ ထိုသို့ ဖြန့်ဖြူးရောင်းချသည့် ဓါတ်မြေဩဇာ များကို ရန်ကုန်မြို့၊ ဘုရင့်နောင်ပွဲရုံမှ ဝယ်ယူ၍ ဒေသအလိုက် သယ်ယူစရိတ်နှင့် သင့်တင့်သော အမြတ်အစွန်းဖြင့်သာ ရောင်းချနေကြောင်း တွေ့ရသည်။

          သို့ဖြစ်သောကြောင့် ဒေသနေကျေးရွာ တောင်သူများအတွက် အထောက်အကူ ဖြစ်စေ၍ ယခုကဲ့သို့ပင် အရည်အသွေးကောင်းသော ဓါတ်မြေဩဇာများအား သင့်တင့်သော အမြတ်အစွန်းဖြင့် ဆက်လက်ရောင်းချပါရန် မြို့နယ်ယူးရီးယား ဝယ်ယူဖြန့်ဖြူးရောင်းချရေး ကော်မတီမှ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (မွန်)