ကြံခင်းမြို့နယ် ကုန်မျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ‌ဟောပြောခြင်း

            ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်း ဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် မြို့မရပ်ကွက်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးခန်း၌ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက ကုန်မျိုးစုံအရောင်းဆိုင် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ စားသုံးသူကာကွယ်ရေး အသိပညာပေး ‌ဟောပြောဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆွေးနွေးဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းထားရှိမှုအခြေအနေများ၊ စားသုံး သူကာကွယ်ရေးဥပ‌ဒေအရ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ကုန်အညွှန်း အမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ညွှန်ကြားချက်ထုတ်ပြန် ထားရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) နှင့်အညီ ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်း အမှတ်အသား လာရောက် လျှောက်ထားရာတွင် လိုအပ်သောအချက်များ၊ ကုန်အညွှန်းအမှတ် အသား ဖော်ပြချက်နှင့် စပ်လျဉ်း၍ လိုက်နာရန် ပျက်ကွက်ခဲ့ပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခံရနိုင်သည့်ပြစ်မှု၊ ပြစ်ဒဏ်များကြောင်းကို ဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါ သည်။ 

DOCA ဧရာဝတီ