လိမ်လည်လှည့်ဖြားခြင်းဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များအား အသိပညာပေး Talk Show ဆောင်ရွက်
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တာဝန်ခံသည်(၁၆-၁၀-၂၀၂၆) ရက်နေ့ နေ့လည်(၁၅:၀၀)အချိန်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စားသုံးသူကာကွယ်ရေးဥပဒေဖော်ပြချက်ပါ လိမ်လည်လှည့်ဖြားခြင်းဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များအား အသိပညာပေး Talk Show အစီအစဉ်ကို ဆောင် ရွက်ခဲ့ပါသည်။ အဆိုပါအစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့ တွင် ပြဌာန်းခဲ့သောစားသုံးသူကာကွယ်ရေးဥပဒေ၏ ပုဒ်မ ၆၃ အရ စီးပွားရေးလုပ်ငန်းရှင်များ အနေ ဖြင့် ကုန်စည်၏အရည်အသွေး၊ အရေအတွက်၊ ပါဝင်သောပစ္စည်းများ၊အသုံးပြုပုံ၊ ဈေးနှုန်း၊ ဝန်ဆောင် မှု နှုန်းထား၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံ ပေးထားမှု၊ ပေးအပ်နိုင်သည့် အချိန်နှင့် စပ် လျဉ်း၍ လိမ်လည်လှည့်ဖြားခြင်းပြုထားသော ကြော်ငြာများ၊ မဟုတ်မမှန်သော သတင်း အချက် အလက်များ၊ အသုံးပြုခြင်းဖြင့် အန္တရာယ်ရှိမှုကို စားသုံးသူအား အသိပေးခြင်းမရှိသော ကြော်ငြာများ၊ တည်ဆဲဥပဒေများ၊ လူမှုကျင့်ဝတ်များနှင့် ကိုက်ညီမှုမရှိသော ကြော်ငြာများကိုမပြုလုပ်ရန်နှင့် ကုန် စည် သို့မဟုတ် ဝန်ဆောင်မှုကို သတ်မှတ်ထားသောကာလ အတွင်းကြော်ငြာထားသောပမာဏ၊ အရေ အတွက်အတိုင်းရောင်းချရန် အစီအစဉ်မရှိဘဲ အချိန်ကာလ တစ်ခုအတွင်း အထူးဈေးနှုန်းဖြင့် ရောင်း ချရန် ကမ်းလှမ်းခြင်း၊ ကုန်စည်တစ်ခုကို ဆုကြေး သို့မဟုတ် အခမဲ့ဝန်ဆောင်မှုပေးရန်ကတိပြုထားသော်လည်းအမှန်တကယ်ပေးအပ်နိုင်ခြင်းမရှိဘဲ ရောင်းချခြင်း၊ စားသုံးသူ၏ ရုပ်ပိုင်းဆိုင်ရာကို ဖြစ် စေ၊ စိတ်ပိုင်းဆိုင်ရာကိုဖြစ်စေ အနှောင့်အယှက်ဖြစ်စေမည့် နည်းလမ်းများဖြင့် အရောင်းမြှင့်တင်ခြင်း မပြုရန် ပုဒ်မ ၆၄ အရ တားမြစ်ထားကြောင်း၊ ထိုပုဒ်မ ၆၃နှင့် ၆၄ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်၍ ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ပုဒ်မ ၇၀ အရ ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀ ထက် မပိုသော ငွေဒဏ်ဖြစ်စေ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်းတို့အား လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထက်ပါ ပြစ်ဒဏ်များအား စီရင်ခြင်းခံရပြီး နောက် အဆိုပါပြစ်မှုကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် တစ်နှစ်ထက် မပို သော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၁၀၀ ထက်မပိုသော ငွေဒဏ် ဖြစ်စေ ချမှတ်နိုင်ကြောင်း တို့အား လည်းကောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
DOCA ဧရာဝတီ

















