မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ အောင်ဆန်းလမ်းမကြီးရှိ မုန့်မျိုးစုံဆိုင်များတွင်ရောင်းချနေသော Green Hills နှင့် AlPINE သောက်ရေသန့်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

                            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တာဝန်ခံဒေါ်ရည်မွန်သန့် နှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၄-၁၀-၂၀၂၆)ရက်နေ့ နေ့လည်(၁၄;၀၀)နာရီတွင် မြောင်းမြမြို့နယ် အောင်ဆန်းလမ်းမကြီးရှိ မုန့်မျိုးစုံဆိုင်များတွင်ရောင်းချနေသော Green Hills နှင့် AlPINE သောက်ရေသန့်ဘူးများတွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံဒေါ်ရည်မွန်သန့်မှ မြောင်းမြမြို့၊ အောင်ဆန်းလမ်းမကြီးရှိ မုန့်မျိုးစုံဆိုင်များတွင်ရောင်းချနေသော Green Hills နှင့် AlPINE သောက်ရေသန့်ဘူးများတွင် ကုန်အညွှန်း အမှတ် အသား ပြည့်စုံမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များမှ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည် အမျိုးအစား အလိုက်သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ရောင်းချ နေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ၊ဌာနမှဈေးကွက်စောင့်ကြည့် စစ်ဆေးမှုအားစဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသိပေးပြောကြားခဲ့ပါသည်။

 (DOCA ဧရာဝတီ)