ဘိုကလေးမြို့နယ် မေ့မေ့သားဆန်စက်သို့ MSMEလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် MITS ဌာနတို့နှင့်အတူ ပူးပေါင်း၍ အောက်တိုဘာလ(၁၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရှိအချိန်တွင် (၈)ရပ်ကွက်ရှိ မေ့မေ့သားဆန်စက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းဆောင်ရွက်ရတွင် MITSဌာနမှ ကုန်ချောထုတ်လုပ်ထားသည့် ကုန်ပစ္စည်းများအား သိုလှောင်ရုံထားရှိမှုအခြေအနေနှင့် ဂိုဒေါင်လေဝင် လေထွက်နှင့် သန်ရှင်းမှုအခြေအနေများ သိုလှောင်စဉ်အတွင်း ဆန်အိတ်များ၏ အခြေအနေ၊ ထိန်းချုပ်ဖျက်ပိုး ထောင်ချောက်များအကြောင်း တို့အား ကွင်းဆင်းစစ်ဆေးပြီး မြို့နယ်တာဝန်ခံမှလည်း ဆန်စက်ကြိတ်ခွဲထုတ်လုပ်မှု အရည်အသွေး ပြည့်မှီရေး၊ အချိန်အတွယ်များ ပြည့်မှီ မှန်ကန်မှု ရှိ/မရှိ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်စည်အပေါ် တာဝန်ရှိမှု စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ/တားမြစ်ချက်များ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံမှု ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်အလက်များ ပြစ်မှု ပြစ်ဒဏ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ 

(DOCA ဧရာဝတီ)