ကျိုက်လတ်မြို့နယ် လှိုင်းတာ(အ.ထ.က)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော
စားသုံးသူရေးရာဦးစီးဌာနမှ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းတို့သည် ပြန်ကြားရေးနှင့် ပြည်သူ ဆက်ဆံရေးဦးစီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ(၁၆)ရက်နေ့ (၁၁:၃၀)အချိန် ကျိုက်လတ်မြို့ လှိုင်းတာကျေးရွာ(အ.ထ.က)ကျောင်းတွင် ဆရာ/မ (၂၀)ဦး၊ ကျောင်းသား/သူ(၁၃၀)ဦး စုစုပေါင်း (၁၅၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပ ညာပေး ဟောပြောခဲ့ပါသည်။ ထိုသို့ဟောပြောရာတွင် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဗလငါးတန်ဖွံ့ဖြိုးဖို့ စာအုပ်စာပေလေ့လာစို အကြောင်းအရာကိုလည်းကောင်း မြို့နယ်တာဝန်ခံဦးမိုးမင်းသန်းက ဝန်ဆောင်မှုနှင့် ပတ်သက်သောအကြောင်း စားသုံးသူအခွင့်အရေးများအကြောင်း၊ အစားအသောက်များကိုရွေးချယ်ဝယ်ယူသုံးစွဲတက်စေရန်အကြောင်း၊စားသုံးသူအခွင့်အ ရေး နှင့်စားသုံးသူအကျိုး စီးပွားကာကွယ်ပေးရေးဆောင်ရွက်ရန်၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးရန်နှင့် ဈေးကွက်အတွင်းမှ ပပျောက်စေရေးအလိုဌာ စစ်ဆေးရေးအရာရှိများ ခန့်အပ်ဆောင်ရွက်ပြီး စစ်ဆေးလျှက်ရှိကြောင်းနှင့် စားသုံးသူနစ်နာဆုံးရှုံးမှု တစ်ရပ်ရပ်ကို တိုင်ကြားလိုပါက လူကိုယ်တိုင်သော်လည်းကောင်း၊ လူထုဆက်သွယ်ရေးနည်းလမ်းတစ်ခုခုဖြင့်လည်းကောင်း သက်ဆိုင် ရာဦးစီးမှုးရုံးသို့ သက်သေခံအထောက်အထားနှင့်အတူ တိုင်ကြားနိုင်ကြောင်းနှင့် စားသုံး သူများ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် Call Center 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သတင်းရရှိပါသည်။
(DOCA ဧရာဝတီ)

















