မြစ်ကြီးနားမြို့၊ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချနေသော ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးဈေးနှုန်း
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချသည့် အရောင်း ဆိုင်များတွင် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (စတုတ္ထအပတ်)အတွင်း ဓာတ်မြေဩဇာများ ရောင်းချမှု အနေဖြင့် အမျိုးအစားပေါ်မူတည်၍ (၅၀ကီလို) တစ်အိတ်လျှင် ၁၉၀၀၀၀ကျပ်မှ ၂၈၀၀၀၀ကျပ်အထိ ရောင်းချလျက်ရှိကြောင်း၊ အများဆုံးရောင်းချသည့် မြေဩဇာများအနေဖြင့် ကွန်ပေါင်း(10:10:5) သံကွင်း ၁၉၀၀၀၀ကျပ်၊ ကွန်ပေါင်း MC ၂၈၀၀၀၀ကျပ်၊ ယူရီးယား (ရွှေတောင်) ၂၂၀၀၀၀ကျပ်၊ ယူရီးယား(N:46%) မာလာမြိုင်(မိုးသီးပုလဲ) ၂၅၀၀၀၀ကျပ်၊ ယူရီးယား (ဆင်ဖြူတော်) ၂၃၀၀၀၀ကျပ်၊ ယူရီးယား (ရိန်းဘိုး) ၂၄၀၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။ အလားတူ ပိုးသတ်ဆေးရောင်းချမှုအနေဖြင့် အမျိုးအစားပေါ်မူတည်၍ အီမာလန်ဒါ (ဝိစာရ) ၁၀၀ ဂရမ် တစ်ထုပ်လျှင် ၂၀၀၀၀ကျပ်၊ Rocket (ဝိစာရ) ၁၀၀စီစီ တစ်ပုလင်းလျှင် ၉၀၀၀ ကျပ်၊ အလန်း(15WP) (ဩဘာ)၁၀၀ ဂရမ် တစ်ဘူးလျှင် ၂၃၀၀၀ကျပ်၊ ဘတ်တား (ဩဘာ) ၁၀ ဂရမ် တစ်ထုပ် လျှင် ၃၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ကချင်)

















