ဖျာပုံမြို့နယ် မုန့်မျိုးစုံအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း
ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများက စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေးပြည့်မီသော အစားအသောက်များကို ဝယ်ယူစား သောက်စေရန် ရည်ရွယ်၍ ဖျာပုံမြို့နယ်အတွင်းရှိ မုန့်မျိုးစုံအရောင်းဆိုင်များသို့ ကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက မုန့်နှင့် စားသောက်ကုန်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်းရိ/ မရှိ၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများကို မှန်ကန်စွာ ဖော်ပြထားခြင်း ရှိ/မရှိ၊ သက်တမ်း လွန်စားသောက်ကုန်များ ရောင်းချခြင်း ရှိ/မရှိ၊ ထုတ်ပိုးမှု အခြေအနေ၊ သိုလှောင်ထားရှိပုံနှင့် အစားသောက် ဘေးကင်းလုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်မှားနှင့် ကိုက်ညီမှု ရှိ/မရှိတိုကို အသေးစိတ်စစ်ဆေးခဲ့ပါသည်။ ထို့အပြင် စားသုံးသူကာကွယ်ရေး ဉပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံမှန်ကန်စွာ ဖော်ပြရန်နှင့် စားသုံးသူများ၏ ကျန်းမာရေးကိုအလေးထား၍ သက်တမ်းလွန်ကုန်ပစ္စည်း များရောင်းချခြင်းမပြုရန် ဆိုင်ရှင်များအား အသိပညာပေး ဆွေးနွေးမှာကြားခဲ့ပါသည်။
(DOCA ဧရာဝတီ)

















