မြစ်ကြီးနားမြို့၊ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ဘိလပ်မြေဈေးနှုန်း

      ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အိမ်ဆောင်ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချလျက် ရှိသော ဆောက်လုပ်ရေးပစ္စည်းများသည်  မန္တလေး-မြစ်ကြီးနား လမ်းကြောင်းမှ အဓိကဝင်ရောက် လျက်ရှိပြီး  အဆိုပါလမ်းကြောင်းသည် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ကချင်ပြည်နယ် သို့  ကုန်ပစ္စည်းသယ်ဆောင်ယာဉ်များ ဝင်ရောက်မှု အလွန်နည်းပါးလျက်ရှိသဖြင့် ကုန်ပစ္စည်း လက်ကျန် နည်းပါးလျက်ရှိကြောင်း သိရှိရသည်။

          မြစ်ကြီးနားမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင် ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ စတုတ္ထအပတ်၌ ရောင်းချလျက်ရှိသော ဘိလပ်မြေဈေးနှုန်းများအနေဖြင့် CROWN အမှတ်တံဆိပ် ၅၀ ကီလိုတစ်အိတ်လျှင် ၅၈၀၀၀ကျပ်၊ ALPHA အမှတ်တံဆိပ် ၅၀ ကီလိုတစ်အိတ်လျှင် ၅၃၀၀၀ကျပ်၊ APACHE အမှတ်တံဆိပ် ၅၀ ကီလိုတစ်အိတ်လျှင် ၅၅၀၀၀ကျပ် ရောင်းချလျက်ရှိပြီး ရောင်းလိုအားထက် ဝယ်လိုအားပိုများကြောင်း သိရှိရသည်။ 

DOCA(ကချင်)