လွိုင်ကော်မြို့ပေါ်ရှိ သောက်ရေသန့်စက်ရုံများသို့ ကွင်းဆင်းစစ်ဆေးခဲ့ခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ( ၂၀ )ရက်နေ့ ( ၁၄:၃၀ )နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ သောက်ရေသန့် ထုတ်လုပ်ဖြန့်ဖြူးရောင်း ချနေသော ရွှေကယား၊ စိမ့်စမ်းမိုး သောက်ရေသန့်စက်ရုံများသို့လည်းကောင်း၊ အောက်တိုဘာလ ( ၂၁ )ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် Guardian၊ ဇမ္ဗူ သောက်ရေသန့်စက်ရုံများသို့လည်းကောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ် ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက် ရှိ/မရှိ တို့အားသက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ ရွှေကယား ၊ စိမ့်စမ်းမိုး သောက်ရေသန့်စက်ရုံများ၌ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော သောက်ရေသန့် ဘူးများတွင်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်သည် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏(၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီ မှုရှိကြောင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ရှိကြောင်း စစ်ဆေး တွေ့ရှိရပြီး Guardian နှင့် ဇမ္ဗူ သောက်ရေသန့်စက်ရုံများသို့ ကွင်းဆင်းစစ်ဆေးရာတွင် ၎င်းစက်ရုံ၌ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော သောက်ရေသန့်ဘူးများတွင်ဖော်ပြထားသော ကုန်အညွှန်းအမှတ် အသားဖော်ပြချက်သည် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)ပါ ကုန်အညွှန်း အမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း၊ Guardian သောက်ရေသန့်စက်ရုံမှာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ရရှိရန် လျှောက်ထားဆဲဖြစ် ကြောင်း၊ ဇမ္ဗူ သောက်ရေသန့်စက်ရုံမှ ထုတ်လုပ်‌သော( 20 ) Liter သောက်ရေသန့်ဗူးများ၏ Cap Seal၊ Tap Seal များတွင် စက်ရုံအမှတ်တံဆိပ် ရိုက်နှိပ်ဖော်ပြထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိ ရပါသဖြင့် ၎င်းလုပ်ငန်းရှင်အား( 20 )Liter သောက်ရေသန့်ဗူးများ၏ Cap Seal၊ Tap Seal များတွင် စက်ရုံအမှတ်တံဆိပ်ဖြင့် ရိုက်နှိပ်ဖော်ပြသွားရန်နှင့် ပြင်ဆင်ပြီးစီးမှုများအား စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးသို့ အမြန်ဆုံးပြန်လည်တင်ပြသွားရန် ညွှန်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။ 

DOCA(ကယား)