သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်လူထု၏တာဝန်

       သဘာဝပတ်ဝန်းကျင်သည် လူသားတို့၏နေ့စဉ်လူမှုဘဝ၊ ကျန်းမာရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတို့အတွက် အခြေခံအကျဆုံး အရင်းအမြစ်တစ်ခုဖြစ်သည်။ သစ်တောများ၊ မြစ်ချောင်း များ၊ မြေဆီလွှာ၊ လေထုနှင့် ဇီဝမျိုးစုံ မျိုးကွဲများသည် လူသားတို့၏ အသက်ရှင်ရပ်တည်ရေးအ တွက်သာမက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် လည်းအရေးပါလျှက်ရှိသည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း သည် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ တာဝန်တစ်ရပ်သာမက ပြည်သူလူထုတစ်ရပ်လုံးပူးပေါင်း ဆောင်ရွက်ရမည့် လူမှုတာဝန်တစ်ရပ်လည်းဖြစ်သည်။ လက်ရှိကာလတွင် အမှိုက်စွန့်ပစ်မှုစနစ်တကျမရှိခြင်း၊ ပလတ်စတစ်ပစ္စည်းများအလွန်အကျွံ အသုံးပြုခြင်း၊ တောမီးလောင်ကျွမ်းခြင်းနှင့် ရေအရင်းအမြစ်များညစ်ညမ်းခြင်းတို့သည် သဘာဝ ပတ်ဝန်းကျင်အပေါ်သက်ရောက်မှုရှိစေသည့်အကြောင်းအရင်းများဖြစ်သည်။ ယင်းပြသနာများသည် သဘာဝအလှအပကိုထိခိုက်စေရုံသာမက မြေဆီလွှာအရည်အသွေးကျဆင်းခြင်း၊ ရေအရင်းအမြစ် များထိခိုက်ခြင်းနှင့် လူမှုစီးပွားဘဝအပေါ် အခက်အခဲများဖြစ်ပေါ်စေနိုင်သည်။ အထူးသဖြင့် သဘာ ဝအရင်းအမြစ်များကိုမှီခိုအားထားနေရသည့် ကျေးလက်များတွင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှု သည်စိုက်ပျိုးရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအပေါ်သက်ရောက်နိုင်သဖြင့် ကြိုတင် ကာကွယ်ရေးနှင့် ထိန်းသိမ်းရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန်လိုအပ်သည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် လူထု၏နေ့စဉ်အကျင့်များသည် အ ရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်သည်။ အိမ်ထောင်စုတစ်စုတိုင်းအနေဖြင့် အမှိုက်များကို စနစ်တ ကျခွဲခြားစွန့်ပစ်ခြင်း၊ ပြန်လည်အသုံးပြုနိုင်သည့် ပစ္စည်းများကို သင့်လျော်စွာ ပြန်လည်အသုံးချခြင်း၊ တစ်ခါသုံး ပလတ်စတစ်ပစ္စည်းများအသုံးပြုမှုကို လျော့ချခြင်းနှင့် အများပြည်သူသုံးနေရာများတွင် အမှိုက်မစွန့်ပစ်ခြင်းတို့ကို လိုက်နာဆောင်ရွက်သင့်သည်။ ထို့အပြင်ရေကို အလေအလွင့်မရှိအောင် ချွေတာသုံးစွဲခြင်း၊ လျှပ်စစ်ဓာတ်အားကိုလိုအပ်သည့်အချိန်တွင်သာအသုံးပြုခြင်းနှင့် မိမိပတ်ဝန်း ကျင်ကို သန့်ရှင်းစွာထားရှိနိုင်ခြင်းတို့သည် လူတိုင်းလက်တွေ့ကျကျပါဝင်ဆောင်ရွက်နိုင်သည့် နည်း လမ်းများဖြစ်သည်။ သစ်တောနှင့် သဘာဝအရင်းအမြစ်များထိန်းသိမ်းရေးသည်လည်း အထူးအရေးပါသည်။ သစ် ပင်များသည် မြေဆီလွှာတိုက်စားမှုကို လျော့ချရာတွင် အထောက်အကူပြုသကဲ့သို့ ရေအရင်းအမြစ် များထိန်းသိမ်းရေးနှင့် ဂေဟစနစ်မျှတရေးတွင်လည်း အရေးပါသည်။ ထို့ကြောင့်သစ်ပင်စိုက်ပျိုးခြင်း ၊ စိုက်ပျိုးပြီးသစ်ပင်များကို ရှင်သန်ကြီးထွားသည်အထိ ပြုစုစောင့်ရှောက်ခြင်း၊ တောမီးအန္တရာယ်ကို သတိပြုကာကွယ်ခြင်းနှင့် သဘာဝအရင်းအမြစ်များကို စနစ်တကျအသုံးချခြင်းတို့ကို ဆောင်ရွက် သင့်သည်။ သစ်ပင်စိုက်ပျိုးသည့် အရေအတွက်တစ်ခုတည်းကိုသာအလေးထားခြင်းထက် စိုက်ပျိုး ထားသောသစ်ပင်များရှင်သန်ကြီးထွားရေးကိုပါ အလေးထားရန်လိုအပ်သည်။ ထို့အပြင် မြစ်ချောင်းများ၊ ရေကန်များနှင့် သောက်သုံးရေအရင်းအမြစ်များကို ညစ်ညမ်းမှုမှ ကာကွယ်ရန်လည်း လူထု၏ပူးပေါင်းပါဝင်မှုလိုအပ်သည်။ အမှိုက်၊ ဓာတုပစ္စည်းနှင့် အခြားညစ်ညမ်း စေနိုင်သောအရာများ ရေထဲသို့တိုက်ရိုက်မစွန့်ပစ်ခြင်း၊ ရေဝပ်ဒေသများနှင့် ရေစီးကြောင်းများကို အမှိုက်ကင်းစင်အောင်ထိန်းသိမ်းခြင်းတို့သည် ရေအရင်းအမြစ်များရေရှည်တည်တံ့ရေးအတွက် အ ထောက်အကူပြုနိုင်သည်။ ရေအရင်းအမြစ်များသန့်ရှင်းကောင်းမွန်နေခြင်းသည် လူတို့၏ကျန်းမာ ရေးအတွက်သာမက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက်ပါ အရေးကြီးသည်။ သ ဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် လူထုအခြေပြုပူးပေါင်းလုပ် ဆောင်မှုများလည်း လိုအပ်သည်။ ရပ်ရွာအတွင်းသန့်ရှင်းရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ခြင်း၊ အမှိုက်စွန့်ပစ်မှုဆိုင် ရာစည်းကမ်းများချမှတ်လိုက်နာခြင်း၊ ကျောင်းသားလူငယ်များအား သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးခြင်းနှင့် သစ်ပင်စိုက်ပျိုးရေးလုပ်ငန်းများတွင် ပါဝင်ခြင်းတို့မှ တစ်ဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိစိတ်ဓာတ်ကိုတိုးမြှင့်ပေးနိုင်သည်။ မြန်မာနိုင်ငံတွင်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝအရင်းအမြစ်များကို ရေရှည်တည်တံ့စွာ အသုံးချရေးတို့ကို ဥပဒေနှင့် မူဝါဒများမှတစ်ဆင့် အလေးထားဆောင်ရွက်လျက် ရှိသည်။ ၂၀၁၂ ခုနှစ်တွင် ပြဌာန်းခဲ့သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပ‌ဒေတွင် သဘာဝပတ်ဝန်းကျင်အရည်အသွေးကောင်းမွန်စေရေး၊ သဘာဝအရင်းအမြစ်များကိုရေရှည်တည် တံ့စွာအသုံးချ၍ ပြည်သူလူထု၏အသိပညာနှင့် ပူးပေါင်းပါဝင်မှုကို မြှင့်တင်ရေးတို့နှင့်သက်ဆိုင် သောအချက်များပါဝင်သည်။ ယင်းဥပဒေ၏ ရည်ရွယ်ချက်ကိုလက်တွေ့အကောင်အထည်ဖော်ရာ တွင် ဌာနဆိုင်ရာများ၏လုပ်ငန်းဆောင်ရွက်မှုများနှင့်အတူ ပြည်သူများ၏တာဝန်သိစိတ်နှင့်ပူးပေါင်း ပါဝင်မှုတို့လည်းအ‌ရေးပါသည်။ အချုပ်အားဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် ယနေ့လူသားတို့အတွက်သာမက အနာဂတ်မျိုးဆက်များ၏ သဘာဝလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ မဖြစ်မနေလိုအပ် သော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။ 

DOCA(ကယား)