မအူပင်မြို့အကျဉ်းဦးစီးဌာန ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့် အွန်လိုင်းရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ရှိ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများ စားသုံးသူကာကွယ် ရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များနှင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာများကို သိရှိနားလည်စေရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် မအူပင်မြို့အကျဉ်းဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။ အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မအူပင်ခရိုင် ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးမှ အကျဉ်းထောင် ဝန်ထမ်းနှင့် မိသားစုများကို စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့်အချက်များအပြင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လျှောက်ထားခြင်းနှင့် သတ်မှတ်စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းစုစုပေါင်း ၃၆ ဦး တက်ရောက်ခဲ့ကြပြီး စားသုံးသူအခွင့်အရေးများကို သိရှိနားလည်ကာ နေ့စဉ်ဝယ်ယူသုံးစွဲမှုများတွင် အသိပညာဖြင့် ရွေးချယ်ဆုံး ဖြတ်နိုင် စေရန်နှင့် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)

















