မအူပင်မြို့နယ် နှင့် ပန်းတနော်မြို့နယ်တို့၌ ဓာတ်မြေဩဇာအရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေး

     ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် မအူပင်နှင့် ပန်းတနော်မြို့နယ်တို့ရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များအား မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ မအူပင်မြို့နယ်ရှိ ထွန်းလင်းကျော် (အိုင်ဝိုင်း) နှင့် ရတနာစံ (သိုက်ကုန်းလမ်း) စိုက်ပျိုးရေးဆိုင်များ၊ ပန်းတနော်မြို့နယ်ရှိ ဦးသိန်းညွန့် (ဘုရင့်နောင်လမ်း) နှင့် စိမ်းရွက်နု (ရန်ကုန်-ပုသိမ်ကားလမ်းဘေး) စိုက်ပျိုးရေးဆိုင်များကို စစ်ဆေးခဲ့သည်။ မအူပင်မြို့နယ်ရှိ ထွန်းလင်းကျော်ဆိုင်တွင် ကောမတ်ပုလဲတစ်အိတ်လျှင် ၁၂၈,၀၀၀ ကျပ်၊ ဖြိုးမောက်ပုလဲ (လုံးသေး) ၁၂၅,၀၀၀ ကျပ်၊ ကောမတ်မာတီပလပ်ကွန်ပေါင်း ၁၃၈,၀၀၀ ကျပ်၊ အာမို (၁၅:၁၅:၁၅) ၁၉၀,၀၀၀ ကျပ်ဖြင့် စုစုပေါင်း ၁၀၂ အိတ် ရောင်းချလျက်ရှိကြောင်း တွေ့ရှိခဲ့သည်။ ရတနာစံဆိုင်တွင် ကောမတ်ပုလဲ ၁၃၀,၀၀၀ ကျပ်၊ ရွှေတောင်ပုလဲ ၁၂၀,၀၀၀ ကျပ်၊ ကောမတ်မာတီဗိုက်တာ ၁၃၈,၀၀၀ ကျပ်၊ အာမို (၁၅:၁၅:၁၅) ၁၉၂,၀၀၀ ကျပ်၊ နိုက်စရိုဖော့စတာ ၁၆၃,၀၀၀ ကျပ်ဖြင့် စုစုပေါင်း ၆၇ အိတ် ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ပန်းတနော်မြို့နယ်ရှိ ဦးသိန်းညွန့်ဆိုင်တွင် ကောမတ်ပုလဲ ၁၃၀,၀၀၀ ကျပ်၊ ကောမတ်မာတီဗိုက်တာ ၁၃၈,၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၂၅,၀၀၀ ကျပ်၊ အာမို (၁၅:၁၅:၁၅) ၁၉၀,၀၀၀ ကျပ်ဖြင့် စုစုပေါင်း ၃၀ အိတ်နှင့် စိမ်းရွက်နုဆိုင်တွင် ကောမတ်ပုလဲ ၁၃၀,၀၀၀ ကျပ်၊ ဖြိုးမောက်ပုလဲ (လုံးသေး) ၁၂၈,၀၀၀ ကျပ်၊ အာမို (၁၅:၁၅:၁၅) ၁၉၃,၀၀၀ ကျပ်ဖြင့် စုစုပေါင်း ၃၅ အိတ် ရောင်းချလျက်ရှိကြောင်း တွေ့ရှိခဲ့သည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ဓာတ်မြေဩဇာများ၏ အရည်အသွေး၊ အလေးချိန်၊ ဈေးနှုန်းနှင့် လက်ကျန်ပစ္စည်းများကို စိစစ်ခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောင်းချကြရန်၊ ဈေးနှုန်းနှင့်ပတ်သက်၍ မှန်ကန်ပွင့်လင်းစွာ ဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။ 

DOCA(ဧရာဝတီ)