ပန်းတနော်မြို့နယ်၌ အိမ်တွင်းမှုသင်တန်းသူများအား အွန်လိုင်းရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး
ပန်းတနော်မြို့နယ်တွင် အိမ်တွင်းမှုသင်တန်းသူများအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်း များ ပူးပေါင်း၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခန်းမ၌ ၂၀၂၆ခုနှစ် အောက်တိုဘာလ ၁၆ရက်နေ့ နံနက် ၁၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်က သင်တန်းသူ ၂၀ ဦးအား အွန်လိုင်းမှတစ်ဆင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ရောင်းချရာတွင် မှတ်ပုံတင်လက်မှတ် လျှောက်ထားရယူရမည့် လုပ်ငန်းစဉ်များ၊ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့် စားသုံးသူအခွင့်အရေးများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် အွန်လိုင်းရောင်းချသူများအနေဖြင့် စားသုံးသူများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပညာပေးခဲ့သည်။ အဆိုပါဟောပြောပွဲသို့ အရန်မီးသတ်တပ်ဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့လည်း ပူးပေါင်းပါဝင် တက်ရောက်ခဲ့ကြပြီး အိမ်တွင်းမှုသင်တန်းသူများအနေဖြင့် အွန်လိုင်းစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)

















