ပေါ်ဦးပေါ်ဖျား ဒေသထွက် အာတာလွတ်ဥ ဈေးနှုန်း
ကရင်ပြည်နယ်၊ဘားအံမြို့ပေါ်ရှိဈေးများတွင် ဒေသထွက် အာတာလွတ်ဥများကိုတွေ့ရသည်။ ယခုလို ပေါ်ဦးပေါ်ဖျား အာတာလွတ်ဥများသည် ဒေသထွက်များရှိသလို တောင်ကြီးဘက်မှလည်း ဝင်ရောက်လာသည်များလည်းရှိသည်။ မြန်မာအစားအစာတွေထဲမှာ နေရာတစ်နေရာယူထားတဲ့ အာတာလွတ်ဥက ဆေးဖက်ဝင်ကြောင်း သိရှိရသည်။ အာတာလွတ်ဥတွင် သတ္တုဓာတ်များ ကြွယ်ဝ စွာပါဝင်ပြီး အမျှင်ဓာတ်နဲ့ပရိုတင်းဓာတ်များ ပါဝင်သည့်အတွက် အာဟာရပြည့်စုံ၍ ကျန်းမာရေး အတွက်များစွာ အထောက်အကူဖြစ်စေသော သီးနှံတစ်မျိုးပဲဖြစ်သည်။ အာတာလွတ်ဥကို ဆီ၊ ဆား၊ နှမ်းထောင်းလေးဖြူးပြီး တို့စားခြင်း၊ အာတာလွတ်ဥကိုပြုတ်ပြီး ပါးပါးလှီးကာ အုန်းသီး၊ သကြား တို့ဖြင့် နယ်စားခြင်း၊ အာတာလွတ်ဥကို မုန့်နှစ်အဖြစ်ပြုလုပ်၍ အကြွပ်ကြော်စားခြင်း စသည်ဖြင့် လည်း စားသုံးကြသည်။ အာတာလွတ်ဥကို အရွယ်အစားအလိုက်ရောင်းချပြီး ဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၄၅၀၀/ ၆၀၀၀)ကျပ် ဈေးနှုန်းတို့ဖြစ် ရောင်းဝယ်ကြကြောင်း သိရပါသည်။
DOCA(ကရင်)

















