ကရင်ပြည်နယ်အတွင်း ဒေသထွက်ငရုတ်သီး ဈေးနှုန်းဈေးကွက်
ကရင်ပြည်နယ်အတွင်းရှိ ဒေသခံတောင်သူများ အများဆုံးစိုက်ပျိုးထွက်ရှိသော ငရုတ်သီး မျိုးစုံမှာ လက်ရှိကာလတွင် ဒေသတွင်းဈေးကွက်များ အပြင် ပြင်ပနယ်ဝေးဈေးကွက်များသို့ပါ ပုံမှန် စီးဆင်းလျက်ရှိပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း ဒေသတွင်း ကုန်စိမ်းပွဲရုံများနှင့် စိုက်ပျိုးရေး တောင်သူများထံမှ သိရသည်။ ကရင်ပြည်နယ် ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် ငရုတ်သီးမျိုးစုံကို အဓိကစိုက်ပျိုးကြပြီး ဈေးကွက်အတွင်း အစို၊ အခြောက် အမျိုး အစားအလိုက် ဘရောင်းဝယ်လျက်ရှိသည်။ ဈေးနှုန်းများမှာ မိုးမျှော်ငရုတ်သီးအစို တစ်ပိဿာလျှင် (၃၅၀၀/၄၅၀၀)ကျပ်၊ ငရုတ်ထောင့်ရှည် တစ်ပိဿာလျှင်(၄၀၀၀/၅၀၀၀)ကျပ် တို့ဖြစ်သည်။ လက်ရှိ ကရင်ပြည်နယ်ထွက် ငရုတ်သီးများကို ဘားအံမြို့ပေါ်ရှိ မြို့မဈေးနှင့် ရေပေါ်ဈေးမှ တစ်ဆင့် မော်လမြိုင်၊ ပဲခူး၊ ရန်ကုန်အထိ တင်ပို့ရောင်းချလျက်ရှိသည်။ မြေဩဇာနှင့်လုပ်အားခ သက်သာ၍ ငရုတ်သီးဈေး အသင့်အတင့် အဝယ်ရှိနေသည့်အတွက် ငရုတ်စိုက်တောင်သူများ တွက်ခြေကိုက်လျက်ရှိကြောင်း သိရပါသည်။
DOCA(ကရင်)

















