ကရင်ပြည်နယ်ဦးစီးမှူးရုံးတွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်တင်ရေး (၃/၂၀၂၆)သင်တန်း ကျင်းပဆောင်ရွက်
ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၃/၂၀၂၆)ကို(၂၀-၁၀-၂၀၂၆)မှ(၂၁-၁၀-၂၀၂၆) ရက်နေ့ (၂) ရက်တာ ကာလကို စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပခဲ့ ကြောင်း သိရသည်။ အဆိုပါသင်တန်းတွင် နည်းပြဆရာများအဖြစ် မိတ်ဖက်ဌာနများဖြစ်ကြသည့် စိုက်ပျိုးရေး ဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့က ဌာနအလိုက် ဘာသာရပ်ဆိုင်ရာ သင်ခန်းစာ(၂၀-၁၀-၂၀၂၆) မှ (၂၁-၁၀-၂၀၂၆)ရက်နေ့ထိ (၂)ရက်တာ သင်တန်း ရှင်းလင်းပို့ချခဲ့ကြောင်း သိရသည်။ သင်တန်းဆင်းပွဲ အခမ်းအနားအား (၂၁-၁၀-၂၀၂၆) ရက်နေ့ (၁၆:၀၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားတွင် စားသုံးသူရေးရာဦးစီး ဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးဦးဉာဏ်လင်းက သင်တန်းဆရာ/ဆရာမများကို ကျေးဇူးတင်စကားပြော ကြားခဲ့ပြီး လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီးနောက် အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းနှင့် ယင်း အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးရှိ အရာထမ်း၊ အမှုထမ်းစုစု ပေါင်း (၁၆)ဦး သင်တန်းတက်ရောက်ခဲ့ကြောင်း သိရသည်။
DOCA(ကရင်)

















